KYUU (1) Unicode

2.1K 148 20
                                    

AN/ ကလောextraအဆက်ကို ခဏထားပြီး
ဟန်မီတို့ တတနဲ့ကြူးတို့နေတဲ့ ရပ်ကွက်အဟောင်းလေးဆီ ပြန်သွား​ကြရအောင်။ ရင်းနှီးပြီးသားအကြောင်းအရာတွေပဲ ဖြစ်နေမှာပါ။ ဒါပေမယ့် ဒီတစ်ခါက ကြူးဘက်ကမြင်တဲ့ တတနဲ့ကြူးရဲ့အကြောင်းမို့ ဖတ်ရတာတစ်မျိုးလေးပေါ့။  အပေါ်က အပိုင်းတိုင်းအတွက် ကြူးဘက်က ဖြစ်ခဲ့တဲ့ ခံစားချက်တွေကို ရေးပေးမယ်နော်။ တစ်ပိုင်းတစ်ပိုင်းကို အရှည်ကြီးမဟုတ်ဘဲ အခုလိုမျိုးလေးပါပဲ။

ဖတ်ချင်ကြမယ် ထင်ပါတယ်။

>>>>>>>>>

ပိတောက်ပန်းရနံ့တွေ လှိုင်နေတဲ့ နေ့တစ်နေ့...။

နောက်ဖေးလမ်းကြားလေးရဲ့
အဆုံးမှာရှိနေတဲ့ နှစ်ထပ်တိုက်အိမ်တစ်လုံးရဲ့ ဝရန်တာမှာ ခြောက်တန်းကျောင်းသားအရွယ် ကောင်လေးတစ်ယောက် မတ်တပ်ရပ်နေသည်။

သူ့နာမည်က တက်သစ်ကြူး...။

သူ့အမေအပါအဝင် ရှိသမျှလူတွေအားလုံးက
သူ့ကို "ကြူး"ဟူ၍ နာမည်နောက်ဆုံးတစ်လုံးတည်းကိုသာ အဖျားစွတ်ခေါ်တတ်ကြသည်။ သူကတော့ ဒီနာမည်ကို ကြိုက်သည်လည်း မဟုတ်၊ မကြိုက်သည်လည်းမဟုတ်။
သို့ပေမယ့် တက်သစ်ကြူးလို့ အပြည့်အစုံခေါ်တာထက်စာရင် "ကြူး"ဆိုပြီး တစ်လုံးတည်းခေါ်တာမျိုးကျ ရင်းနှီးတယ်လို့ ခံစားရသောကြောင့် သူပိုသဘောကျသည်။

သူကသာ ဒီလိုခံစားရတာ
သူ့ကို "ကြူး"လို့ ခေါ်တတ်သူတွေတိုင်းနဲ့ ရင်းနှီးလား
ဆိုတော့လည်း မရင်းနှီးပြန်ဘူး။ သူက အေးတိအေးစက်နဲ့ တစ်ခါတလေကျရင် စကားပြောချင်သလို၊မပြောချင်သလို ပုံစံနဲ့ဆိုတော့ ရပ်ကွက်ထဲကလူတွေကလည်း သူ့နဲ့ မရင်းနှီးချင်ကြတော့ဘူးလေ။

တကယ်တော့ ရပ်ကွက်ထဲက လူတွေတင်မက
သူနဲ့ရွယ်တူတွေကပါ သူ့ကို ရှောင်ဖယ်ဖယ် ဖြစ်နေကြတာ...။ ပတ်ဝန်းကျင်မှာ လူလိမ်ရဲ့သားဆိုပြီး သတင်းမွှေးလာချိန်ကစလို့ သူ ဘယ်သူနဲ့မှ မပေါင်းဖြစ်တော့သလို ဘယ်သူကမှလည်း သူ့ကို သူငယ်ချင်းအနေနဲ့ တရေးတယူ မဆက်ဆံချင်ကြတော့ဘူး။

သူတို့ မဆက်ဆံချင်လည်း နေကြပါစေ...။
တက်သစ်ကြူးဆိုတဲ့ သူကလည်း လူတွေနဲ့
ရောရောထွေးထွေး မနေရလေ ကောင်းလေ
သဘောထားတဲ့လူမျိုး။ ရောထွေးလာတာနဲ့အမျှ ရှေ့တစ်မျိုး၊ ကွယ်ရာတစ်မျိုးနဲ့ မျက်နှာဖုံးပေါင်းစုံကြောင့် နဂိုနာကျင်နေပြီးသား သူ့စိတ်က ဒဏ်ရာတွေပဲ ပိုများလာမှာ...။

ကြူး(KYUU)Where stories live. Discover now