"ကြူး...မင်းက အားလုံးလုပ်တတ်နေပြီး မုန့်လုံးရေပေါ်ကျတော့ မလုံးတတ်ဘူးလား။
ကြည့်ဦး...ထန်းလျက်ခဲတွေကိုလည်း
လုံအောင်မဖုံးထားဘူး""လုံအောင်ဖုံးတော့လည်း ကြီးလို့ဆို"
"အေးလေ ကလေးတောင် မင်းထက်ပိုလုပ်တတ်တယ်။
နော်...သားသား"တောင်းတနေက ပြောပြောဆိုဆို ရယ်ကာမောကာနှင့် သူ့ဘေးမှာထိုင်နေတဲ့ ငါးနှစ်သားကလေးငယ်လေးရဲ့ပါးကို ခပ်ဖွဖွဖျစ်ညှစ်လိုက်သည်။ မုန့်နှစ်တွေပေနေတဲ့ လက်ချောင်းတွေထဲက ပါးအို့ဆုပ်ဖောင်းဖောင်းလေးရဲ့ ပိုင်ရှင်ငယ်လေးက တောင်းတနေရဲ့ စနောက်မှုကို တခစ်ခစ်ရယ်သံနှင့် တုံ့ပြန်ပေးရင်း သူ့တို့ကို ပြုံးပြီး ငေးကြည့်နေတဲ့ တက်သစ်ကြူးကိုဖြင့် လျှာထုတ်ကာပြောင်ပြလေသည်။
"တွေ့လား ကြူး... ဇင်ကိုဦးလေးက မင်းကိုမကြောက်ဘူး"
"တစ်ယောက်ယောက်က မြှောက်မြှောက်ပေးနေတာကိုး"
"ဟုတ်လား...ဘယ်သူပါလိမ့်"
မသိချင်ယောင်ဆောင်ပြီး ဟိုဒီလိုက်ကြည့်နေသူကို အလစ်အငိုက်နှင့် ပါးကိုဖျတ်ခနဲနမ်းလိုက်ပြီး ဇင်ကိုဦးလေးကို မျက်စိတစ်ဖက်မှိတ်ပြလိုက်တဲ့ ကြူးရဲ့အပြုအမူနောက်မှာ တခစ်ခစ်ရယ်သံလေး ထပ်ထွက်လာသည်။ နောက်တော့ ဇင်ကိုဦးလေးက "ဖေဖေရေ...ဦးငယ်က လေးငယ်ကို နမ်းနေတယ်"ဟု အော်ဟစ်ရင်း အိမ်ထဲပြေးဝင်သွားသည်။
ခဏအကြာမှာတော့ ကိုဇင်ထူးက သားငယ်ကိုပိုက်ရင်း အိမ်ထဲက ပြန်ထွက်လာသည်။"မင်းတို့ ငါ့သားကို ဘာတွေလုပ်ပြလိုက်ကြလဲ"
"ဘာမှ မလုပ်ပြပါဘူး အစ်ကိုရာ"
"မလုပ်ပြဘဲနဲ့တော့ သားက ဦးငယ်က လေးငယ်ကိုနမ်းနေတယ်လို့ လာပြောမလားကွ"
"ဟာဗျာ...ကလေးက လျှောက်ပြောနေတာကို အစ်ကိုရယ်"
"ဟာ...တားလျှောက်မပြောဘူး။ ဦးငယ်က လေးငယ်ကိုနမ်းနေတာကို တားတကယ်မြင်ခဲ့တာ။လေးငယ်က လူကြီးဖြစ်ပြီးညာတယ်"
"ဟ...သေပါပြီကွာ"
သူ့ကိုယ်သူသုံးတဲ့နာမ်စား မပီတပီလေးဖြင့် အယူခံဝင်လာတာကိုကြားတော့ တောင်းတနေလည်း ကိုယ့်နဖူးကိုယ်ရိုက်ပြီး တခြားသူများနှင့်အတူ တဟားဟားသာ ရယ်နေရတော့သည်။ နဂိုကတည်းက ဘာတစ်ခွန်းမှ ဝင်မပြောဘဲ ရယ်ပြီးရင်း ရယ်နေတဲ့ ကြူးကတော့ ဇင်ကိုဦးလေးရဲ့ ပါးစပ်ထဲကို ဆုချတဲ့အနေနဲ့ ထန်းလျက်ခဲလေးတစ်ခဲ ထည့်ပေးလာသည်။ ပါးစပ်ကလည်း "တော်တယ်နော် သားဦးလေး"ဟု ပြောနေသေးသည့်အတွက် စိုက်ကြည့်မိချိန်မှာ သူတို့အနားကို မမခိုင်ရောက်လာသည်။
YOU ARE READING
ကြူး(KYUU)
Romanceအိပ်မရတဲ့ ရက်များစွာကို အိပ်မက်တွေက အသက်ဆက်ပေးနေခဲ့တယ် ခြယ်လှယ်သူကတော့ ကြူး ဖြစ်ကြောင်း... အိပ္မရတဲ့ ရက္မ်ားစြာကို အိပ်မက်တွေက အသက်ဆက်ပေးနေခဲ့တယ် ခြယ်လှယ်သူကတော့ ကြူး ဖြစ်ကြောင်း... Own Creation By Han_Me