ဆယ်တန်းစာမေးပွဲဖြေဖို့ ရက်ပေါင်းတစ်ရာကျော်ပင် မလိုတော့တဲ့အတွက် စာမေးပွဲနီးလာတာနဲ့အမျှ ကျွန်တော်နဲ့ ကြူးလည်း ကျောင်းစာမှာ ပိုပြီး အာရုံစိုက်ဖြစ်လာကြပြီ။ သူများတွေ ပြောပြောနေတဲ့ "ကျောင်းသားတစ်ယောက်ဟာ အချစ်ရေးမှာ စိတ်ဝင်စားမှုများလာရင် ပညာရေးမှာ လစ်ဟင်းတတ်တယ်"ဆိုတဲ့စကားကို ကျွန်တော်ကတော့ လက်မခံချင်ဘူး။
မိသားစုပြဿနာကြောင့် ညစ်ထေးနေရတဲ့ နှလုံးသားက ကြူးကြောင့်သာ ရှင်သန်လတ်ဆတ်ခဲ့ပြီး တစ်နေ့တာလုံးမှာ
သူနဲ့ အတူရှိနေရတဲ့ အချိန်တွေက ကျွန်တော့်အတွက်တော့ အပျော်ရွှင်ရဆုံးပဲ။ ခက်ခဲလွန်းပါတယ်ဆိုတဲ့ သင်္ချာပုစ္ဆာတွေက ကြူးနဲ့အတူ တွက်ချက်လိုက်တဲ့အခါ လွယ်လွယ်လေးဖြစ်သွားတယ်။ မဆွဲတတ်တဲ့ ဘိုင်အိုပုံတွေကလည်း ကြူးနဲ့အတူ ဆွဲလိုက်တဲ့အခါ လှလှပပလေး ထွက်လာတယ်။ ဓာတုဗေဒအီကွေးရှင်းတွေကို နားမလည်တဲ့အခါ ကြူးရဲ့နာမည်ကို တစ်ချက်ခေါ်လိုက်ရုံနဲ့ ကျွန်တော်နားလည်တဲ့အထိ သူရှင်းပြတတ်တယ်။အဲ့ဒီအချိန်တွေမှာ ကျွန်တော်တို့နှစ်ယောက်ကို
စာရှင်းပြဖို့အတွက် တာဝန်ယူထားတဲ့ ကိုကြီးဇင်ထူးက အပြင်လူဖြစ်သွားရပြီး အန်တီမူတို့ အိမ်အပေါ်ထပ်လေးမှာ လုပ်စရာမရှိတော့တဲ့ သူ့အနေနဲ့ အချိန်ဖြုန်းစရာနေရာက
မုန့်ဆိုင်မှာသာ ရှိတော့၏။ ပြီးတော့ အခုနောက်ပိုင်းမှာ မုန့်ဆိုင်ကို ခဏခဏလာတတ်တဲ့ မမခိုင်နဲ့ မမခိုင်အလာကို စောင့်နေတတ်တဲ့ ကိုကြီးဇင်ထူးတို့ ဆက်ဆံရေးကလည်း ကျွန်တော်တို့ရှေ့မှာတင် တစ်ဆင့်ချင်း တိုးတက်လာသည်။အန်တီမူကလည်း သူ့သားကို မမခိုင်လို ရိုးသားအေးဆေးတဲ့ မိန်းကလေးမျိုးနဲ့ဆို သဘောတူတယ်လို့ ပွင့်ပွင့်လင်းလင်း ဝန်ခံထားတော့ အချိန်တစ်ခုရောက်တဲ့အခါကျ ကျွန်တော်နဲ့
ကြူးက ရှောင်လွှဲလို့မရအောင်ကို ဆွေမျိုးတော်ကြရဦးမှာ...။"ကိုကြီးဇင်ထူးကို သဘောကျပေမယ့် ငါ့အစ်မကို
ပေးရမှာတော့ နှမြောတယ်။"ကျွန်တော်အဲ့လိုပြောတိုင်း ကြူးက ရုပ်တည်ကြီးနဲ့
ပြန်ပြောတာက "အဲ့ဒါဆို ငါ့ကိုယူလိုက်လေ" တဲ့။
YOU ARE READING
ကြူး(KYUU)
Romanceအိပ်မရတဲ့ ရက်များစွာကို အိပ်မက်တွေက အသက်ဆက်ပေးနေခဲ့တယ် ခြယ်လှယ်သူကတော့ ကြူး ဖြစ်ကြောင်း... အိပ္မရတဲ့ ရက္မ်ားစြာကို အိပ်မက်တွေက အသက်ဆက်ပေးနေခဲ့တယ် ခြယ်လှယ်သူကတော့ ကြူး ဖြစ်ကြောင်း... Own Creation By Han_Me