"နူးညံ့စွာသက်ဝင်"

1.6K 120 89
                                    

AN/ စာရှည်ပါတယ်။ စာလုံးရေ တစ်သောင်းကျော်သွားတဲ့အထိ အားရပါးရ
ရေးပစ်မိတာမို့ အချိန်လေးရမှ အေးအေးဆေးဆေးလေး ဖြည်းဖြည်းဖတ်စေချင်ပါတယ်

>>>>>>>>>>>>>>>>>>>>>>

"ဘယ်တစ်စီးယူရင် ကောင်းမလဲ"

"အပြာလေးယူလေ။ ငါက...
အင်း...အဝါလေးယူမယ်"

ပြန်ကြားရတဲ့အဖြေကြောင့် သူပြုံးလိုက်မိသည်။ အတွေးထဲမှာ အဖြူအစိမ်းကျောင်းသားဘဝက တက်သစ်ကြူးအသေးလေးနဲ့ တောင်းတနေ အသေးလေးကိုပါ ပြန်မြင်ယောင်မိ၏။ နယ်ကျော်သွားတဲ့ အပြာရောင်ဘော့ပင်လေးတစ်ချောင်းအတွက် အဝါရောင် နေခြည်ဖျော့ဖျော့ ဘော့ပင်လေးတစ်ချောင်း အစားရခဲ့တဲ့ အချိန်ကာလလေး...။ သူပြုံးနေတော့ ကြူးကလည်း သူ့ကိုငေးရင်း နှင်းဆီသွေးနီရောင် နှုတ်ခမ်းစွန်းနှစ်ဖက်ကို အစွမ်းကုန် ကွေးညွှတ်လိုက်သည်။

"ဘာကိုသတိရပြီး ပြုံးနေတာတဲ့လဲ"

"ငါ့အတွေးတွေကို ဖတ်ကြည့်လိုက်လေ"

"ဖြစ်နိုင်တာက...ခုနှစ်တန်းနှစ်မှာ လဲခဲ့တဲ့ ဘော့ပင်တွေအကြောင်း တွေးနေတာမလား"

"Bingo"

အတည်ပြုပေးလိုက်တော့ အပြုံးတွေက
ပိုထင်းသွားသည်။ နေ့လည်ခင်း ခဏတဖြုတ်နားပြီးတာနဲ့ မြို့ထဲပတ်ဖို့ Ebikeရွေးနေရာမှ ချစ်စရာကောင်းတဲ့ အတိတ်ကာလလေးတစ်ခုကို ပြန်သတိရသွားခဲ့ခြင်းဖြစ်၏။ သေးသွယ်လွန်းနေတာလည်းမဟုတ်ဘဲ ခပ်ပွပွ ဟူဒီအညိုရောင်ထဲနစ်ဝင်နေတဲ့ အသားဖြူလွန်းသူကိုငေးရင်း သဘောတကျပြုံးမိတော့ တစ်ဖက်ကလည်း ဆွဲဆောင်မှုရှိစွာ ပြန်မေးဆတ်ပြသည်။ ပြုံးယောင်သမ်းနေတဲ့ နှင်းဆီသွေးနီရောင်နှုတ်ခမ်းများကတော့ နေရောင်လက်လက်အောက်မှာ နုထွေးနီမြန်းနေသည်။

"အဲ့တုန်းက မင်းက သေးသေးလေး...။
ငါ့ထက်တောင် အရပ်ပုသေးတယ်။ အခုဝတ်ထားတဲ့
ဟူဒီက ကြီးနေတော့ အဲ့တုန်းက အကောင်သေးလေးကို ပြန်မြင်မိသွားတာ"

"ဟုတ်တယ်နော်...ရှစ်တန်းနှစ်လောက်ကျမှ
ငါ မင်းထက်အရပ်ပိုရှည်သွားတာ...။
ဟား...အခုမှ ထပ်သတိရသွားပြီ။ ခုနှစ်တန်းနှစ် ကျောင်းပိတ်ခါနီးတုန်းကလေ လူပျိုစောဖြစ်လို့ဆိုပြီး
မင်း ငါ့ကို ​နောက်ဖေးလမ်းကြားရှေ့မှာ ရန်တွေ့ခဲ့တာရော မှတ်မိသေးလား"

ကြူး(KYUU)Where stories live. Discover now