Choco Wine (Unicode)

1.5K 135 28
                                    

လေယာဥ်ချိန်က နီးနေပြီ။

သူတို့လေဆိပ်ထဲကို ခြောက်နာရီခွဲကတည်းက ကြိုရောက်နေခဲ့ခြင်းဖြစ်ပြီး ရှစ်နာရီမိနစ်နှစ်ဆယ်မှာ ထွက်မယ့်လေယာဥ်ကို လေဆိပ်ထဲက စားသောက်ဆိုင်မှာ စကားတပြောပြောနှင့် ထိုင်စောင့်နေခဲ့ကြသည်။

ဒီနေ့က Valentine's Dayမို့ လေဆိပ်ထဲက စားသောက်ဆိုင်တွေမှာလည်း အကြည်စိုက်နေကြတဲ့ စုံတွဲတွေရှိနေသည်။ သူတို့လာတဲ့ လမ်းတစ်လျှောက်မှာရော၊ ဆိုရှယ်မီဒီယာစာမျက်နှာတွေပေါ်မှာရော ချစ်ခြင်းပြည့်လျှံနေတဲ့ အမှတ်တရတွေကို မျှဝေနေကြသူတွေက ဒုနဲ့ဒေး....။

သူသည်လည်း ဒီလိုနေ့မျိုးလေးမှာ ချစ်ရသူနဲ့အတူရှိနေချင်လို့ အလုပ်ကိစ္စတွေအားလုံးကို အပြတ်ဖြတ်ထားပြီးကာမှ လေယာဥ်ချိန် ပြန်ပြောင်းချင်တဲ့ နိုင်ငံခြားသားဧည့်သည်တစ်ယောက်အတွက် လိုအပ်သမျှ ကိစ္စအဝဝကို တစ်နေကုန်လုံး လိုက်ကူညီပေးနေရသည်။ ထိုဧည့်သည်က ပြင်သစ်နိုင်ငံသားတစ်ဦး...။
လွန်ခဲ့တဲ့ နှစ်နှစ်လောက်က မြန်မာနိုင်ငံကို အလည်လာတုန်းကလည်း သူကိုယ်တိုင်ပဲ ပုဂံကို တာဝန်ယူပို့ဆောင်ပေးခဲ့တာမို့ တခြားသူတစ်ယောက်အစား သူ့ကိုသာ သဘောကျနေခြင်းဖြစ်သည်။

စောင့်ရတဲ့အချိန်က တဖြည်းဖြည်းကြာလာတော့
သူလည်း ဒီတိုင်းမနေနိုင်တော့...။ ဧည့်သည်ရှိနေပေမယ့် သူ့ကိုအိမ်မှာစောင့်နေမယ့် တစ်နေ့ကို အကျိုးအကြောင်းလေးတော့ ပြောပြချင်သည်။
ပြီးတော့ တောင်းပန်တာရောပေါ့။ Valentine's Day မတိုင်ခင်ကတည်းက နှစ်ယောက်သား အဲ့နေ့ကျရင် အလုပ်က ခွင့်ယူပြီး အတူတူအချိန်ဖြုန်းကြမယ်လို့ တိုင်ပင်ထားခဲ့ကြတာ...။ တကယ်လည်း ခွင့်ယူခဲ့ကြပေမယ့် သူ့အလုပ်က ထဖောက်တော့ သူလည်းမတတ်နိုင်ဘဲ ထွက်လာခဲ့ရတာပင်။

သူမသွားခင် တစ်နေက"အလုပ်ကို စိတ်ဖြောင့်ဖြောင့်လုပ်"ဆိုပြီး ရင်ခုန်စရာ
အနမ်းလေးနဲ့ပါ နှုတ်ဆက်လိုက်ပေမယ့် ဒီလိုနေ့မျိုးမှာမှ အိမ်မှာ တစ်ယောက်တည်းနေနေရတဲ့ သူ့ကောင်လေးအတွက် သူက အသုံးမကျတဲ့ ချစ်သူလိုတော့ဖြစ်သွားတာပေါ့။

ကြူး(KYUU)Where stories live. Discover now