"အချစ်နှင်းမှုန်ရီ"

1.7K 190 31
                                    

"ငါ့မြေးလေးတွေ ကျန်းမာချမ်းသာသက်ရှည်ပြီး
လိုအင်ဆန္ဒတွေ ပြည့်ကြပါစေ။ ဘယ်ကိစ္စမှာမဆို တစ်ယောက်နဲ့တစ်ယောက် နားလည်မှုရှိပြီး သံယောဇဥ်တွေ ခိုင်မြဲပါစေကွယ်"

"ပေးတဲ့ဆုပြည့်ပါရစေ ဖွားဖွား"

"မေကြီး ပေးတဲ့ဆုပြည့်ပါစေ
မေမေကရော ဆုမပေးတော့ဘူးလား"

"မေမေက စိတ်ထဲကနေ ပေးပြီးပြီလေ"

"ဟာ...မေမေကလည်း စိတ်ထဲကပေးတာကို
သားတို့က ကြားမှမကြားရတာ။ အသံထွက်ပြီး ပြန်ပေးပေးနော်"

"တတကတော့ ဂျစ်နေပြီ အနွယ်ရေ။ ပေးလိုက်စမ်းပါအေ...ဒီလင်လင်နှစ်ယောက်
အိုအောင်မင်းအောင် ပေါင်းရပါစေလို့"

မေကြီးက ပြောလိုက်တိုင်း တလုံးတခဲ...။
အသက်အရွယ်က ခုနှစ်ဆယ်နဲ့ ရှစ်ဆယ်ကြား
နှစ်ကာလတစ်ဝက်သို့ လှမ်းလာခဲ့ပြီဖြစ်သော်လည်း စကားအသုံးအနှုန်းတွေ ပွင့်လင်းလွတ်လပ်နေဆဲ မေကြီးကြောင့် ကျွန်တော်တို့ ခေတ်လူငယ်နှစ်ယောက်ရဲ့ ရယ်သံတွေလည်း လူကြီးနှစ်ယောက်နှင့်အပြိုင် မရပ်တန့်နိုင်ရှိရ၏။ မေမေ့ဆီက ဆုတောင်းစကား ထပ်မရခဲ့သော်လည်း ကျွန်တော် ကျေကျေနပ်နပ်နှင့်... ရယ်သံတွေ စဲသွားချိန်ကျမှ မေကြီးရှေ့မှာရှိနေတဲ့ အထုပ်တစ်ထုပ်ကို  လက်ညှိုးထိုးပြလိုက်သည်။

"တစ်ခါတည်း ဖွင့်ကြည့်လိုက် မေကြီး။ ကြူးက
မေကြီးကို ဘာနဲ့ကန်တော့လဲလို့..."

"တစ်နေ...ပြောထားတာမမေ့နဲ့နော်။ ဆူခံရရင် အတူတူနော်"

"ဘာလဲ...ဒါ ငါ့အကြံမှမဟုတ်တာ။ မင်းတစ်ယောက်တည်းရဲ့စိတ်ကူးလေ"

"ဒါပေမယ့် မင်းလည်း လက်ခံတယ်လေ"

"တိုးတိုးကြိတ်ကြိတ်နဲ့ ဘာတွေဖြစ်နေကြတာလဲ"

"ဟီး...ဘာမှမဖြစ်ဘူးမေကြီး ဖွင့်ကြည့်လိုက်ရင် သိမှာပါ"

မေကြီးက မေမေ့ကို လှမ်းကြည့်ပြီး
ကျွန်တော်တို့နှစ်ယောက်ဘက် မေးငေါ့ပြသည်။ ထို့နောက် တစ်ယောက်နှင့်တစ်ယောက် တွန်းထိုးရင်း ရယ်ကြောမျှင်မပြတ် ဖြစ်နေကြတဲ့ ကောင်လေးနှစ်ယောက်ကို လျစ်လျူရှူလိုက်ကြပြီး  အထုပ်စဖြည်တော့၏။

ကြူး(KYUU)Where stories live. Discover now