Part 54(Unicode)

2.1K 259 65
                                    

"တတ... အိမ်ရှေ့ထွက်လိုက် အိမ်နောက်ဖေးဝင်လိုက်နဲ့
ဘာတွေ ဂဏာမငြိမ်ဖြစ်နေတာလဲ"

"ဘာ...ဘာမှမဖြစ်ပါဘူး မေကြီးရဲ့"

"မဟုတ်သေးပါဘူး မင်းတစ်ခုခုတော့ဖြစ်နေပါတယ်။
အိမ်ကို ဘယ်သူလာစရာရှိလို့လဲ"

ဖျော့တော့နေတဲ့ မျက်ဝန်းမှုန်မှုန်တို့က
မျက်မှန်ရဲ့နောက်မှာ ဖုံးကွယ်နေကြပေမယ့် ကျွန်တော် မေကြီးမျက်လုံးတွေကို သေချာစိုက်မကြည့်ရဲဘူး...။ "တက်သစ်ကြူး လာမှာ"လို့ ပြောလိုက်တိုင်း ပြုံးရွှင်သွားတတ်တဲ့ မျက်နှာက အခုတစ်ခေါက်မှာလည်း မပြောင်းမလဲနဲ့ပါဘဲ။

"အနွယ်ရေ...အိမ်မှာဘာရှိလဲ။ ငါ့မွေးစားမြေးလေး
လာမယ်တဲ့။ တစ်ခုခု လုပ်ထားပေးလိုက်ဦး"

"စိတ်မပူနဲ့ အမေ။ သမီး သေချာပြင်ဆင်ထားလိုက်မယ်။"

"အေးအေး...လိုတာရှိရင် ညည်းသားကို သွားဝယ်ခိုင်းလို့ရတာပဲ။ ဟုတ်တယ်မလား တတ"

"အမေရယ် သိပ်မစပါနဲ့တော့။ ကြူးကို သူ့ထက်ပိုဂရုစိုက်နေလို့ အမေ့မြေး မျက်နှာမကောင်းတော့ဘူး။"

ကျွန်တော့်ကို စနောက်ကျီစယ်ရင်း စိတ်ရွှင်နေကြတဲ့ အမျိုးသမီးနှစ်ယောက်ရဲ့ရယ်သံတွေက မုန်တိုင်းမလာခင် လေငြိမ်တတ်တဲ့ အခြေအနေတစ်ရပ်ပမာ...။ ဘာကိုမှ မသိရှိထားသူများအဖို့ ပုံမှန်လုပ်ရိုးလုပ်စဥ်တွေမှာ နေသားတကျ ပျော်ဝင်နိုင်ခဲ့ကြပေမယ့် တင်းမာတဲ့ လေထုတစ်ခုကို ဖန်တီးဖို့ အစပျိုးမိနေတဲ့ ကျွန်တော့်မှာတော့ လေးပင်တဲ့ စိတ်ခံစားချက်တွေနဲ့ ကိုယ့်ကိုယ့်ကိုယ်ဆီကနေပါ သီးခြားခွဲထွက်နေမိသလိုမျိုး... စိတ်လိုလက်ရ ပြုံးရွှင်နေတဲ့ အမျိုးသမီးနှစ်ယောက်ကို မကြည့်နိုင်တော့တဲ့အဆုံးကျမှ သူတို့ရှေ့က ရှောင်ထွက်ပြီး ကြူးအလာကိုပဲ အိမ်ရှေ့မှာ ထိုင်စောင့်နေမိတော့၏။

"ရောက်ခါနီးနေပြီ တစ်နေ" ဆိုတဲ့
စာကြောင်းတိုလေးက လွန်ခဲ့တဲ့ဆယ်မိနစ်ကမှ ပို့ထားခဲ့တာ...။

ထိုစာတိုလေးတစ်စောင်တည်းကိုပဲ အခေါက်ခေါက်အခါ ဖတ်နေမိတဲ့ အချိန်အတောအတွင်း ဝုန်းဒိုင်းကြဲနေတဲ့ ရင်ဘတ်တစ်နေရာမှာတော့ သက်ပြင်းတစ်ချက် ရှိုက်မိလေတိုင်း တစ်ကြိမ်ပိုတင်းကြပ်လာတဲ့ ဝေဒနာကြီးနဲ့...။

ကြူး(KYUU)Where stories live. Discover now