KYUU (3) Unicode

1.2K 123 32
                                    

AN/ ဒီအပိုင်းလေးကိုမဖတ်ခင်
အပိုင်းလေးနဲ့ငါးကို ပြန်ဖတ်ကြည့်ဖို့
အကြံပေးပါတယ်

>>>>>>>>

သင်္ကြန်ရက်များက မည်သို့ပင် ပြီးဆုံးသွားမှန်းမသိလိုက်ရ...။

​ခပ်မြန်မြန် ကျော်ဖြတ်ချင်​တဲ့
အချိန်ကာလတုန်းကတော့ တစ်ရက်မပြောနဲ့
တစ်မိနစ်ကအစ နှေးနေသလိုလို။

ဒီတစ်ခေါက်သင်္ကြန်က သူ့တစ်ကိုယ်လုံးကို ရေခဲရေနဲ့ စိုစွတ်စေခဲ့တဲ့ အပိတ်မျိုး ဖြစ်ခဲ့ပေမယ့် ကြူးက ဒေါသထွက်ရမယ့်အစား သူ့ကို ရေခဲရေနဲ့လောင်းပြီး အားရပါးရပျော်ရွှင်နေခဲ့တဲ့ ကောင်လေးတစ်ယောက်နဲ့ ပြန်ဆုံချင်၍ နောက်နှစ်သင်္ကြန်သို့ပါ ကြိုရောက်ချင်နေခဲ့သည်။

မနေ့တနေ့ကမှ သင်္ကြန်နောက်​ဆုံးနေ့ကို နောက်ထပ်သင်္ကြန်ထပ်ရောက်ချင်နေတဲ့ ကြူးရဲ့စိတ်က... တောင်းတနေက သင်္ကြန်ရက်များမှသာ သူ့ကို
အရေးစိုက်သည်ဟု ထင်မိသောကြောင့်လား။

ဒီလိုဆိုတော့ သူငယ်တန်းကတည်းကစပြီး
ယခုခြောက်တန်းအထိ သူနဲ့တောင်းတနေတို့က
တစ်ကျောင်းတည်း၊ တစ်ခန်းတည်းမှာသာ အတူတူတက်ခဲ့ကြတာ။ အတန်းဖော်တွေဖြစ်ရုံကလွဲပြီး ဒီနှစ်တွေအတွင်း စကားတစ်ခွန်းပင် သေသေချာချာ ပြောဖူးခဲ့ကြသည်မဟုတ်။

ကြူးက အတန်းထဲမှာဆို ဘယ်သူနဲ့မှ
သိပ်မသိဘဲ တစ်ယောက်တည်း ကိုယ့်အတွေးနဲ့ကိုယ် အေးအေးဆေးဆေးနေတတ်သလောက် တောင်းတနေကတော့ တစ်တန်းလုံး သူနဲ့မသိတဲ့သူ မရှိလောက်ဟု ထင်ရလောက်တဲ့အထိ ယောကျ်ားလေးတွေတင်မကဘူး..မိန်းကလေးတွေနဲ့ပါ သူငယ်ချင်းဖြစ်နေတာ...။ တက်သစ်ကြူးဆိုတဲ့ သူနဲ့က လွဲရင်ပေါ့။

သူတို့နှစ်ယောက်က အဲ့ဒီလို အတန်းဖော်အဆင့်ထက်သာ မပိုခဲ့ကြတာ တစ်တန်းလုံးမှာ သူတို့နှစ်ယောက်လောက် နီးကပ်တဲ့သူဆိုတာလည်း မရှိဘူး။ နေတော့လည်း ရပ်ကွက်တစ်ခုတည်း...၊ မိဘချင်းလည်း ရင်းနှီးကြတဲ့အပြင် ကျောင်းဆိုလည်း သူငယ်တန်းကနေ ခြောက်တန်းအထိ တစ်ကျောင်းတည်း၊တစ်ခန်းတည်းမှာ၊ အတန်းထဲမှာ ထိုင်တော့လည်း အမြဲတမ်း ရှေ့ဆင့်နောက်ဆင့်၊ ယုတ်စွအဆုံး စာမေးပွဲရလဒ်တိုင်းမှာလည်း သူတို့နှစ်ယောက်က အဆင့်တစ်နဲ့ အဆင့်နှစ် ဖြစ်နေကြပြန်ရော...။

ကြူး(KYUU)Where stories live. Discover now