KYUU (4) Unicode

1.1K 122 18
                                    

AN/ အပိုင်းခြောက်နဲ့ အပိုင်းခုနှစ်က ဘော့ပင်လေးနှစ်ချောင်းရဲ့ရာဇဝင်ပါ။ ဘော့ပင်လေးနှစ်ချောင်းနဲ့ ပတ်သက်တဲ့အခန်းက ဟန်မီ
အကြိုက်ဆုံး အခန်းတွေထဲမှာပါတယ်။ အစကနေ အဆုံးထိပဲ...ဟန်မီက ကြူးရဲ့povကို အရင်တွေးပြီးမှ တတဘက်ကို ရေးခဲ့တာပါ။ extraတွေရေးပြီးမှ ဒီအခန်းလေးတွေကို ဆက်တင်ပေးရင်ကောင်းမလား တွေးခဲ့ပါတယ်။ စာဖတ်သူတစ်ယောက်က ကြူးရဲ့sideကိုလည်း ဖတ်ချင်တယ်ပြောတော့မှ အကောင်အထည်ဖော်ဖြစ်သွားတယ်။ သိပ်အများကြီးလည်း မဟုတ်ဘူးဆိုတော့ အကုန်ပြီးမှပဲ လက်ရှိအသက်အရွယ်က extraတွေကို ဆက်ရေးပေးမယ်နော်💙

>>>>>>>>>>>>

"ထောက်"

စားပွဲခုံပေါ် တစ်ခုခုပြုတ်ကျလာသံကြောင့် ကြူးရဲ့ခန္ဓာကိုယ်လေး တွန့်ခနဲဖြစ်သွားရသည်။ သူကြည့်လိုက်တော့ စားပွဲ​ခုံပေါ်မှာ ခပ်စောင်းစောင်းလေး ရှိနေတာက အဖုံးမှာ အင်္ဂလိပ်အက္ခရာ"T"စတစ်ကာ ကပ်ထားတဲ့ အပြာရောင်ဘော့ပင်လေးတစ်ချောင်း...။

ထိုအင်္ဂလိပ်စာလုံး"T"ကိုမြင်ကတည်းက အပြာရောင်ဘော့ပင်က ဘယ်သူ့ဘော့ပင်ဖြစ်ကြောင်း သူသိခဲ့ပေမယ့် တစ်ဖက်ကောင်လေးက သူ့နာမည် ခေါ်မလာမချင်း ကြူးတစ်ယောက် ထိုအတိုင်းသာ ဆက်ငြိမ်နေလိုက်သည်။

"ဟို...ကြူး" လို့ ခေါ်လိုက်သံက ခပ်လျော့လျော့...။

လှည့်မကြည့်မိခင် အနည်းငယ်
ကွေးညွှတ်သွားခဲ့တဲ့ ကြူးရဲ့နှုတ်ခမ်းတွေက ခန္ဓာကိုယ်ကို ဘေးစောင်းလိုက်ချိန်မှာပင် ပုံမှန်အတိုင်း ပြန်ဖြစ်သွားကြပြီး စာရေးခုံကို တံတောင်နှစ်ဖက်ထောက်ရင်း သူ့ခုံဘက်ကို ခပ်ငုံ့ငုံ့ ကိုင်းထားတဲ့ တောင်းတနေကတော့ ထိုအပြုံးတစ်ခုကို မမြင်လိုက်ရ...။ သူမေးဆတ်ပြလိုက်တော့ တောင်းတနေက သူ့ရဲ့ စာရေးခုံပေါ်မှာရှိနေတဲ့ ဘော့ပင်အပြာရောင်ကို လက်ညှိုးနဲ့ ထိုးပြလာသည်။

"အဲ့ဒါ ငါ့ဘော့ပင်။ လှည့်နေရင်းနဲ့ အရှိန်လွန်သွားလို့"

"ဒါ မင်းဟာပေါ့"

"ဟုတ်တယ် ငါ့ဟာ"

"ဘယ်လိုဖြစ်ပြီး ငါ့ခုံပေါ်ကို ရောက်လာရတာလဲ"

ကြူး(KYUU)Where stories live. Discover now