နေ့တစ်နေ့ရဲ့ ညနေဆည်းဆာအချိန်လေးပေါ့ ရာသီဉတုကလည်းသာယာေနတာကြောင့် စွန်လွှတ်ဖို့အတွက် မြက်ခင်းစိမ်းစိမ်းလေးနဲ့ ကွင်းပြင်ကျယ်ကျယ် ရှိတဲ့နေရာကို လာခဲ့လိုက်တယ်
ဘာလို့မှန်းတော့မသိဘူး ကျမ ကစွန်လွှတ်ရတာကို
အတော်လေးနှစ်သက်တယ်ကြည်လင်နေတဲ့ ကောင်းကင်ပြာအောက်က လေပြေအေးတို့ရဲ့ သယ်ဆောင်မှုအတိုင်း လှပစွာယိမ်းနွဲ့ကခုန်နေတဲ့ စွန်လေးကိုမော့ကြည့်နေရတဲ့ အရသာကိုတကယ်ကြိုက်တာ
စွန်လွှတ်မဲ့နေရာကိုရောက်ပြီမို့ လက်ထဲကရစ်လုံးကိုမြတ်ခင်းပေါ်ချလိုက်တယ်
စွန်ကိုရစ်လုံးနဲ့အနည်းငယ်ဝေးသွားအောင်ဆွဲယူပြီး လေဝေ့လာတဲ့အခိုက်မှာ လက်နှစ်ဖက်ကိုမြှောက်လို့ လေထဲကိုလွင့်တင်လိုက်တော့
စွန်လေးဟာ တဖြည်းဖြည်းနဲ့ လေထဲကိုမြင့်တက်သွားတာမို့ ရစ်လုံးဆီကိုအမြန်ပြေးပြီး ကြိုးကိုဖြည်းဖြည်းချင်းရစ်လိုက်တယ်
လိုချင်တဲ့အမြင့်ပမာဏရောက်သွားပြီမို့ ရစ်လုံးကိုချ လေးတဲ့အရာတစ်ခုခုနဲ့ကြိုးကိုဖိထားလိုက်တယ်
အားလုံးအဆင်ပြေသွားတော့ မြက်ခင်းပေါ်ကိုထိုင်ချပြီးအမြဲဆောင်ထားတဲ့ အိတ်ကပ်ထဲက မီးခြစ်နဲ့cigaretteဘူးကိုထုတ် cigaretteတစ်လိပ်ကိုမီးညှိလို့နှုတ်ခမ်းမှာတေ့လိုက်တယ်
လေထဲကိုဆေးလိပ်ငွေ့တွေမှုတ်ထုတ်ရင်း ပျံသန်းနေတဲ့စွန်ကိုကြည့်နေလိုက်တယ်
စိတ်ထဲမှာဖြစ်ပေါ်မိတာက ငါလဲထိမ်းချုပ်မှုတစ်ခုအောက်ကလွတ်လပ်တဲ့စွန်လေးဖြစ်ချင်လိုက်တာလို့
What?
မိနစ်အနည်းကြာတော့ အနောက်နားလေးက ငိုရှိုက်သံသေးသေးလေးကြားမိလို့လှည့်ကြည့်လိုက်ပေမဲ့ဘယ်သူမှရှိမနေဘူး
"တစ်ယောက်ယောက်ငိုနေခဲ့တာသေချာပါတယ်"
တီးတိုးရေရွတ်လိုက်ပြီးမျက်ခုံးနှစ်ဖက်ကိုထိစပ်လုနီးပါးကြုံ့ထားလိုက်တယ်
ပတ်ဝန်းကျင်ကိုတစ်ချက်ဝေ့ကြည့်တော့လဲ လူနဲ့တူတဲ့အရိပ်လေးတောင်ရှိမနေဘူး
မသင်္ကာစရာကောင်းတဲ့အခြေနေမို့ အသံပြန်ကြားလိုကြားညားနားစွန့်နေလိုက်တယ်
YOU ARE READING
စွန် (Completed)
Fanfictionစွန်လေးတစ်ခု လေထဲမှာလှပစွာပျံသန်းနေနိုင်ဖို့ဆိုရင် သူ့ကိုထိန်းချုပ်ထားနိုင်တဲ့ ကြိုးလေးတစ်ချောင်းတော့ရှိနေဖို့လိုအပ်တယ် အကယ်၍များကြိုးလေးသာပြတ်တောက်သွားခဲ့ရင်...... စွန်လေးဘဝဟာ မတွေးရဲစရာပါ......