"Jennie သက်သာရဲ့လား ဒီမှာ နင့်အတွက်မုန့်တွေဝယ်လာခဲ့တယ်"
သင်တန်းကပြီးပြီးခြင်း ကျမ ဆီကိုတန်းဝင်လာတယ်ထင်ပါရဲ့
"အင်း ငါသက်သာပါတယ်"
"သက်သာတယ်သာပြောတာ နင့်ကြည့်ရတာ အားမရှိသလိုဘဲ မှန်းစမ်း"
ပြောပြီး ကျမ နဖူးပေါ်ကျရောက်လာတဲ့ sooရဲ့လက်ဖဝါးလေး
"ကိုယ်လဲမပူပါဘူး ဘယ်လိုဖြစ်တာလဲ"
"အင်း ခေါင်းတွေနောက်နေလို့ပါ ဓမ္မတာလာတာရောဆိုတော့ နေထိုင်မကောင်းလို့"
"Aww အေးပါ ဆေးကောသောက်ပြီးပြီလား"
"အင်း သောက်ပြီးပြီ"
"ဒါနဲ့ နင့်လူကနင်ဒီလောက်နေမကောင်းဖြစ်နေတာကိုမလာဘူးလား"
Soo ကအလိုမကျစွာမေးလာတယ် သိတယ် Soo သူ့အပေါ်မှာအစကတည်းကအမြင်မကြည်တာကို
"သူမသိဘူး ငါသေချာမပြောပြတာ သူကအလုပ်များတယ်လေဟာ ငါကြောင့်အနှောက်ယှက်မဖြစ်စေချင်လို့ပါ"
"အမြဲသူ့အတွက်ကြည့်တွေးပေးမနေနဲ့လေ ကိုယ့်အတွက်ကိုယ်လဲတွေးပါအုံး နင့်ကိုကြည့်ရတာအားမရလိုက်တာ ဆေးခန်းသွားကြမလား"
"ဆေးခန်းသွားဖို့ထိတော့မလိုပါဘူး Soo ရဲ့ငါတကယ်အဆင်ပြေတယ်နော် စိတ်မပူနဲ့"
ဒေါက် ဒေါက်
"သမီးရေ momဝင်ခဲ့မယ်နော်"
တံခါးခေါက်သံနဲ့အတူ ကြားလိုက်ရတဲ့ momရဲ့အသံ
"Nae mom"
"အော် သမီးSoo လဲရောက်နေတာလား
"ဟုတ် အန်တီ"
"ဘာဖြစ်လို့လဲသမီး ထမင်းလဲထွက်မစားဘူးဆို ဘယ်အချိန်တောင်ရှိနေပြီလဲ သမီး ထမင်းထွက်မစားဘူးဆိုလို့ momအလုပ်ကပြန်လာတာ"
ဘေးနားကိုလာထိုင်ကာ momကမေးလာတယ် ဟုတ်တယ် မနက်ကတည်းက အခန်းပြင်တောင်မထွက်ရသေးဘူး နေ့လည်တောင်ရှိရောပေါ့
ဘယ်မှလဲသွားချင်စိတ်မရှိဘူး ဘာမှလဲလုပ်ချင်စိတ်မရှိဘူး ဘာတစ်ခုမှလဲမစားချင်ဘူး ဒါကဘယ်လိုခံစားချက်ကြီးလဲ အသည်းကွဲတယ်ဆိုတာ ဒါမျိုးလား
YOU ARE READING
စွန် (Completed)
Fanfictionစွန်လေးတစ်ခု လေထဲမှာလှပစွာပျံသန်းနေနိုင်ဖို့ဆိုရင် သူ့ကိုထိန်းချုပ်ထားနိုင်တဲ့ ကြိုးလေးတစ်ချောင်းတော့ရှိနေဖို့လိုအပ်တယ် အကယ်၍များကြိုးလေးသာပြတ်တောက်သွားခဲ့ရင်...... စွန်လေးဘဝဟာ မတွေးရဲစရာပါ......