"ဒီမှာခဏလှဲနေနော် lili အတွက်သံပုရာရည်ယူခဲ့ပေးမယ်"
"ကိုယ့်အနားမှာဘဲနေပေးလို့ရမလား"
ထွက်သွားဖို့ပြင်နေတဲ့ ကျမ ရဲ့လက်ကိုအသာဆွဲလို့ သူ ပြောလာခြင်းဖြစ်သည်
"အင်း အဲ့လိုလုပ်ပေးမယ်လေ"
ပြုံးပြရင်းပြန်ပြောလိုက်တယ် ကျမ လည်းသူ့အနားမှာဘဲနေချင်မိလို့
"လာ ဒီမှာအိပ်"
အိပ်ရာပေါ်လှဲလိုက်ပြီး သူ့လက်မောင်းတစ်ဖက်ကိုဆန့်တန်းလို့ ပြောလာခြင်းဖြစ်သည်
"ဟုတ်"
သူ့လက်မောင်းပေါ်ခေါင်းအုံးအိပ်လိုက်ပြီး မျက်နှာချင်းဆိုင်ဖြစ်အောင်သူ့ဘက်လှည့်လိုက်တယ် ပြီးတော့ သူ့ ပါးပြင်လေးကို လက်ဖဝါးထဲ ထည့်ဖွက်ထားလိုက်တယ်
"အိပ်လိုက်နော် ပင်ပန်းနေတယ်မလား ညနေရောက်ဖို့ကလဲ လိုသေးတယ်ဆိုတော့လေ"
"တောင်းပန်ပါတယ် ဒီနေ့က
"ရှူး စိတ်မကောင်းမဖြစ်ရဘူးလေ တကယ်ဆို အခုလိုနေရတာကို babeပိုပြီးသဘောကျတယ် liliနဲ့အခုလိုနီးနီးကပ်ကပ်လေးပေါ့"
သူမ လေးအပြောကြောင့် နှုတ်ခမ်းတွေတွန့်ကွေးသွားရပြန်ပါတယ်
ပါးဖောင်းဖောင်းလေးကိုအသာကိုင်တွယ်ရင်း နဖူးပေါ်အနမ်းတစ်ပွင့်ခြွေလိုက်ပြီး သူမ ကိုရင်ခွင်ထဲထည့်ဖက်ထားလိုက်တယ်
ဒါကတကယ်ကိုနွေးထွေးလွန်းပါတယ်
"Babeလဲအိပ်လိုက်နော်"
"ဟုတ်"
ခါးကိုတွယ်ဖက်လာတဲ့ သူမ လက်ကလေးက ရင်ခုန်သံရဲ့အစဆိုရင် ကျမ လည်ပင်းပေါ်ကျရောက်လာတဲ့ အနမ်းတစ်ပွင့်က ရင်ခုန်သံရဲ့အဆုံးပေါ့
မျက်လုံးတွေကိုမှိတ်ချလိုက်တော့ လည်ပင်းတစ်ဝိုက်လာရောက်ရိုက်ခက်နေတဲ့ သူမ အသက်ရှုငွေ့ နွေးနွေးလေးက အိပ်မက်ရဲ့အစဖြစ်လာခဲ့တယ်
တကယ်သဘောကျတယ် နေရာတွေအများကြီးလျှောက်သွားရတာထပ် အခုလို သူ့ရင်ခွင်ထဲမှာမှေးစက်နေရတာကို
ဒါကလဲ ကျမ အရမ်းတောင့်တနေရတဲ့ ဆန္ဒတစ်ခုဘဲလေ
စားသောက်ဆိုင်တုန်းကမျက်ဝန်းတစ်စုံရဲ့အကြည့်တွေကိုပြန်မြင်ယောင်မိတော့ ရင်းထဲတင်းကြပ်ကြပ်ဖြစ်လာတယ်
YOU ARE READING
စွန် (Completed)
Fiksi Penggemarစွန်လေးတစ်ခု လေထဲမှာလှပစွာပျံသန်းနေနိုင်ဖို့ဆိုရင် သူ့ကိုထိန်းချုပ်ထားနိုင်တဲ့ ကြိုးလေးတစ်ချောင်းတော့ရှိနေဖို့လိုအပ်တယ် အကယ်၍များကြိုးလေးသာပြတ်တောက်သွားခဲ့ရင်...... စွန်လေးဘဝဟာ မတွေးရဲစရာပါ......