"မင်းကိုအန်ကယ့် သမီးနဲ့ နေရာချထားပေးချင်လို့"
"ရှင်"
What!အဓိပ္ပာယ်မရှိလိုက်တာ
"ဟုတ်တယ် သမီးကမင်းအပေါ်မေတ္တာရှိနေတယ်လို့ပြောတယ် ဒါကြောင့်ဒီလိုစီစဉ်ပေးရတာ အန်ကယ်လဲအသက်ကြီးနေပြီဆို သမီးကိုစိတ်ချထားခဲ့ချင်တယ် lisa သမီးငယ်ငယ်တည်းက အန်ကယ့်အရိပ်အောက်မှာကြီးပြင်းလာတာဆိုတော့ သမီးကိုယုံကြည်တယ် ဒါကြောင့်အန်ကယ့် သမီးကိုစောင့်ရှောက်ပေးပါ"
ရုတ်တရက် ကျမ ဘာပြန်ပြောရမှန်းမသိတော့ ဒါဘယ်လိုအခြေနေကြီးလည်း
"ပြီးတော့ သမီးတို့နှစ်ယောက် လက်ထပ်ပြီးရင် ဒီနိုင်ငံမှာမနေနဲ့တော့ အန်ကယ်အားလုံးစီစဉ်ပေးမယ် အန္တရာယ်ကင်းတဲ့တစ်နေရာမှာ ဘဝကိုကောင်းကောင်းရှင်သန်နေထိုင်ပါ အန်ကယ့် သမီးကိုဒုက္ခမရောက်စေချင်ဘူး အန်ကယ်ပြောတာနားလည်ရဲ့လား"
ကျမ ထပ်ပြီးစွံ့အနေပြန်တယ် ဒီ့အတွက် ကျမ မှာအဖြေမရှိဘူးဖြစ်နေတယ် ခေါင်းထဲမှာ လုံးဝဗလာကြီး
"Lisa အန်ကယ် ပြောတာနားထောင်နေရဲ့လား"
"ဟုတ်ကဲ့ နားထောင်နေပါတယ် ဒါမဲ့ ကျမ ကိုအချိန်ပေးလို့ရမလား"
"အချိန်ပေးတာကရပါတယ် အဲ့တာကစဉ်းစားဖို့အချိန်ပေးတာမဟုတ်ဘူး မင်းဒါကိုလက်ခံရမယ် အဲ့အတွက်ပြင်ဆင်ချိန်ပေးတာ"
What!ဒါက ငါ့ဘဝကိုငါဆုံးဖြတ်ပိုင်ခွင့်မရှိတော့ဘူးပေါ့
"Nae နားလည်ပါတယ် ဒါဆို ခွင့်ပြုပါအုံး အန်ကယ်"
"ကောင်းပြီ"
ဒီအချိန်မှာ ငြိမ်နေလိုက်တာကပိုကောင်းမယ်ထင်လို့ ပြီးမှဘာလုပ်ရမလည်းဆိုတာသေချာစဉ်းစားရမယ်
အဖွဲ့ကနေထွက်ဖို့ အန်ကယ့်ကိုမပြောလိုက်တာကကံကောင်းသွားတယ်ထင်ပါ့
နို့မို့ဆို ကျမရဲ့အစီစဉ်တွေကို အန်ကယ်ရိပ်မိသွားနိုင်တယ်
ဒါက အစီစဉ်မအောင်မြင်ဘူးလို့ ဆိုရမှာပေါ့ ဒါဆို တစ်နည်းဘဲရှိတော့တယ်
"Hello Chae young"
"......"
"ငါတို့စီစဉ်ထားအတိုင်းလုပ်ရတော့မှာ နင်အခုဘယ်မှာလည်း"
YOU ARE READING
စွန် (Completed)
Fanficစွန်လေးတစ်ခု လေထဲမှာလှပစွာပျံသန်းနေနိုင်ဖို့ဆိုရင် သူ့ကိုထိန်းချုပ်ထားနိုင်တဲ့ ကြိုးလေးတစ်ချောင်းတော့ရှိနေဖို့လိုအပ်တယ် အကယ်၍များကြိုးလေးသာပြတ်တောက်သွားခဲ့ရင်...... စွန်လေးဘဝဟာ မတွေးရဲစရာပါ......