"သူ ရှိနေတာဘဲ"
သူ့ ကိုလွမ်းလို့ သူများ ရှိနေမလားဆိုပြီး သူနဲ့တွေ့နေကြနေရာလေးကို လာခဲ့တာ
သူ့ ထိုင်ပြီး စွန်လွှတ်နေတာတွေ့တော့ သွားတန်းတွေပေါ်တဲ့အထိပြုံးလိုက်မိတယ် ပြီးတော့ အရင်ကလိုမျိုးသူ့ကို ဆေးလိပ်ငွေ့တွေနဲ့ တွဲမတွေ့ရလို့ ကြည်နူးရပြန်တယ်
မနေ့ညကလဲဖုန်းမဆက်ဘူး တွေ့ဖို့လဲ မချိန်းဆိုတော့ ကျမ မှာမနေနိုင်မထိုင်နိုင်တွေဖြစ်နေတာ
သူကတော့ ဒီမှာလာပြီး စွန်လွှတ်ေနနိုင်သေးတယ် သူ့ အနားကိုခြေသံလုံလုံဖြင့် သွားလိုက်ပြီး သူ့ မျက်လုံးတွေကိုလက်နဲ့အုပ်ဖို့ ကြံရွယ်လိုက်ပေမဲ့
"မင်း ရောက်နေတာ ကိုယ် သိတယ်"
"အမ် သိတယ်ပေါ့ ဟီး"
အမြန်ဘဲ လက်တွေကိုရုတ်သိမ်းပြီး သူ့ ဘေးနားလေးဝင်ထိုင်ဖို့ လုပ်လိုက်ပေမဲ့
"ခဏ"
"ဟင် ဘာလို့လဲ"
သူက လှည့်မကြည့်ဘဲပြောလာတယ်
"ကိုယ့် နောက်မှာဘဲ ထိုင်ပေးလို့ရမလား"
သူ့ စကားကထူးဆန်းနေပေမဲ့ ကျမ လက်ခံလိုက်ပါတယ်
"အင်းပါ"
သူ့ ရဲ့အနောက်နားလေးမှာ ထိုင်လိုက်ပြီး ကျမ လဲစွန်လေးကို မော့ကြည့်နေမိတယ်
အတန်ကြာတဲ့အထိ သူ့ ဘက်ကတိတ်ဆိတ်နေတာကြောင့် ကျမ မသင်္ကာ ဖြစ်လာတယ်
"ရှင် ဘာဖြစ်နေတာလဲဟင်"
ကျမ အရဲစွန့်ပြီးမေးလိုက်တယ် ပုံမှန်ဆို သူက ဒီလိုမှမဟုတ်တာ
"ကိုယ် ဘာမှမဖြစ်ပါဘူး"
ဒီတစ်ခွန်းသာပြောပြီး တိတ်ဆိတ်သွားပြန်တယ်
ကိုယ် ကြောက်နေတာbabe ဒီနေ့ ကိုယ် အသက်အန္တာရယ်နဲ့ ကြုံခဲ့ရတယ် ဒီလိုကိစ္စမျိုးက ကိုယ့်အတွက်မထူးဆန်းတော့ပေမဲ့
ဒီနေ့ ကိုယ် တကယ်ကြောက်နေခဲ့တာ မင်းနဲ့အခုလိုလေးစကားပြောခွင့်မရတော့ဘူးဆိုပြီးတော့ပေါ့
မင်းနဲ့တွေ့ပြီးမှ ကိုယ် သေမင်းကိုကြောက်တက်လာခဲ့ပြီ
သူတကယ်ဘဲတစ်ခုခုဖြစ်နေတာသေချာတယ် ကျမ ကိုလဲလှည့်မကြည့်ဘူး စကားလဲမပြောဘူး ကျမ စိတ်တွေပူလာမိတယ်
YOU ARE READING
စွန် (Completed)
Fanfictionစွန်လေးတစ်ခု လေထဲမှာလှပစွာပျံသန်းနေနိုင်ဖို့ဆိုရင် သူ့ကိုထိန်းချုပ်ထားနိုင်တဲ့ ကြိုးလေးတစ်ချောင်းတော့ရှိနေဖို့လိုအပ်တယ် အကယ်၍များကြိုးလေးသာပြတ်တောက်သွားခဲ့ရင်...... စွန်လေးဘဝဟာ မတွေးရဲစရာပါ......