သူချိန်းထားတဲ့နေရာကို ကျမ ရောက်လာခဲ့ပြီ
ဒါပေမဲ့ သူ့ကိုမတွေ့ဘူးသူ စောင့်နေမယ်ထင်ထားခဲ့တာ တကယ်ဘဲ ကျမ ဘာတွေမျှော်လင့်မိနေတာလဲ
ပိုက်ဆံအိတ်ကိုချလို့ မြက်ခင်းပေါ်ထိုင်လိုက်ပြီး သူ့ကိုစောင့်နေလိုက်တယ်
တကယ်ဘဲ ကျမ ကိုကစားဖို့ကြံနေတာလားရှင်ရယ်
ရှင်သာကစားချင်တယ်ဆိုရင် ကျမ ကလဲရှင့်ရဲ့အရုပ်လေးဖြစ်ပေးမှာပေါ့ရှင့်ကိုအဲ့သလောက်ချစ်တယ်ဆိုတာယုံ
.
.
.
.
.♥️♥️
"Somi ကျေးဇူးပြုပြီး နောက်နေ့မှလိုက်ပို့လို့မရဘူးလား ကိုယ်အခုအရေးကြီးသွားစရာရှိနေလို့ပါ"
သူမ နဲ့လျှောက်လည်ဖို့ခေါ်နေတဲ့ somiကို ဘယ်လိုလုပ်ရမှန်းမသိတော့ဘူး ကျမ နောက်ကျလို့မဖြစ်ဘူးလေ
ဒီတစ်ခါ သူမ စိတ်ဆိုးသွားရင် မလွယ်လောက်ဘူး
"ဘယ်သွားမှာလဲ somiလဲလိုက်မယ်လေ"
လက်ကိုမလွှတ်တမ်းဆွဲထားတဲ့ သူမ ကြောင့်ေဒါသကအမြင့်ဆုံးရောက်ေနပြီ
"လိုက်လို့ မရဘူး ခဏဘဲဟုတ်ပြီလား"
"ခဏလဲမရဘူး ပြော ဘယ်သွားမှာလဲ dadပြောတာတော့ဒီညနေ honeyကိုခိုင်းထားတာမရှိဘူးတဲ့"
"ဟုတ်တယ် ဒါမဲ့ အရေးကြီးတွေ့ရမဲ့သူရှိနေလို့ ကိုယ်သွားပါရစေ"
လက်ကနာရီကိုကြည့်လိုက်တော့ အတော်လေးနောက်ကျနေပြီ
သူမ ရစ်နေတာတော်တော်ကြာနေပြီ ဘာလုပ်ရမလဲ တကယ်ကိုမသိတော့ဘူး မသွားလို့တော့မရဘူး
နေလုံးတောင်ပြောက်ခါနီးနေပြီ သူမ တစ်ယောက်ထဲ ဘယ်လောက်အန္တရာယ်များလိုက်လဲ
စိတ်ပူလွန်းလို့ရူးတော့မှာဘဲ
"ဘာလဲ somiလိုက်လို့မရတာ ကောင်မလေးနဲ့သွားတွေ့မလို့မလား"
"မင်း ထင်ရာတွေပြောမနေဘဲ ကိုယ့် ကိုသွားခွင့်ပေးပါတော့ အရမ်းနောက်ကျနေပြီ တောင်းပန်ပါတယ် ကျေးဇူးပြုပြီး"
သူမ ဆုပ်ကိုင်ထားတဲ့လက်ကိုလွှတ်ပေးလိုက်ပြီး
"ကောင်းပြီ ဒါပေမဲ့ မနက်ဖြန်ကျရင်တော့ ကတိတည်ပါစေနော်"
YOU ARE READING
စွန် (Completed)
Fanficစွန်လေးတစ်ခု လေထဲမှာလှပစွာပျံသန်းနေနိုင်ဖို့ဆိုရင် သူ့ကိုထိန်းချုပ်ထားနိုင်တဲ့ ကြိုးလေးတစ်ချောင်းတော့ရှိနေဖို့လိုအပ်တယ် အကယ်၍များကြိုးလေးသာပြတ်တောက်သွားခဲ့ရင်...... စွန်လေးဘဝဟာ မတွေးရဲစရာပါ......