စွန် 🖤 16 🖤

948 91 8
                                    

"ဟာ မွှေးနေပါလား"

အခန်းထဲဝင်လာခြင်း ရလိုက်ရတဲ့ ဟင်းနံ့တွေကြောင့် babeရောက်နေပြီဆိုတာ သိလိုက်ရတော့ နှုတ်ခမ်းတွေကအလိုလို တွန့်ကွေးသွားရတယ်

လက်ထဲကအိတ်ကို ဆိုဖာပေါ်ချလိုက်ပြီး သူမ ရှိနေမယ်လို့ယူဆရတဲ့ မီးဖိုခန်းဘက်ထွက်လာခဲ့လိုက်တယ်

တွေ့ပါပြီးမီးဖိုခန်းထဲမှာတစ်ယောက်ထဲအလုပ်ရှုပ်နေတဲ့ ကောင်မလေး ကို

အခန်းဝကနေ သူမ ရဲ့လှုပ်ရှားမှုအားလုံးကို တခဏမျှ ငေးကြည့်ပြီးနောက် ဟင်းချက်နေတဲ့ သူမ ရဲ့နောက်ကျောပြင်လေးကို အသာပွေ့ဖက်လိုက်တော့ ခေါင်းလေးစောင်းကြည့်ပြီး ရယ်ပြနေသေးတာ

သူမ ပခုံးလေးပေါ်‌မေးတင်ထားလိုက်ရင်း

"ဘာတွေချက်နေတာလဲ babeရဲ့"

"နေ့တိုင်းအပြင်စာတွေစားနေတာမလား ဒါကြောင့် lili ကြိုက်တာလေးတွေ ချက်ကျွေးမလို့"

"အာ ချစ်ဖို့ကောင်းလိုက်တာကွာ မွ"

"ဟုတ်ပါပြီ ဒါဆို ရေအရင်သွားချိုးလိုက်လေ ဟင်းကကျက်တော့မှာ babeပြင်ထားလိုက်မယ်"

"ဟုတ် အခုတောင်ဗိုက်ဆာနေပြီကွာ မြန်မြန်ချိုးခဲ့မယ်နော်"

"ဟုတ်"

ဖောင်းနေတဲ့ပါးလေးကိုအသာဆွဲညှစ်ပြီး ရေချိုးဖို့အမြန်ပြေးသွားလိုက်တယ် သူမ လက်ရာ
ဿမကို စားရဖို့မစောင့်နိုင်တော့ဘူး
.
.
.

"ဟင် liliရေချိုးတာမြန်လှချည်လား မှန်မှန်ပြောနော်‌ေရမှချိုးခဲ့ရဲ့လား"

သူသွားတာငါးမိနစ်တောင်မကြာတာမို့မေးလိုက်ရတယ်

"ချိုးပါတယ် babeရဲ့ ကိုယ်ကရေချိုးတာမြန်တယ်လေ မယုံရင်လာနမ်းကြည့်ပါလား"

"သွား လူလည်ကြီး"

"ဟင် ဘယ်သွားရမှာလဲထမင်းစားမလို့ပါဆို"

"ဟာliliနော်"

"ဟဟ စတာ စတာ ကိုယ် တကယ်ဗိုက်ဆာနေပြီစားရအောင်နော်"

ဗိုက်ကလေးကိုလက်နဲ့ပွတ်ရင်းပြောနေတဲ့သူက ကလေးလေး ကျလို့

စွန် (Completed)Where stories live. Discover now