ကျွီ...........
အဝေးပြေးလမ်းမတစ်ခုပေါ်မှ ကားလေးတစ်စီးရဲ့ ဘရိတ်အုပ်လိုက်သံက ပတ်ဝန်းကျင်တစ်ခုလုံးကြီးစိုးသွားသည်
အကြောင်းမှာ ထိုကားရဲ့အရှေ့ကို ကားတစ်စီးကပိတ်ရပ်လိုက်ခြင်းကြောင့်ဖြစ်သည်
"သေစမ်း!"
ကားပေါ်မှ ကောင်မလေးတစ်ယောက်ရဲ့ နှုတ်မှထွက်ကျလာတဲ့စကား
ကားကိုနောက်ပြန်ဆုတ်ဖို့ ကြံရွယ်လိုက်ပေမဲ့ အနောက်မှာလည်း ကားနှစ်စီးက ပိတ်ရပ်ထားလို့နေပြီ
သူ ပြေးပေါက်မဲ့နေပြီပေါ့
"ဘာလဲကွာ ဘယ်သူတွေလည်း"
အနောက်ကလိုက်နေတဲ့ကားကြောင့် မျက်ခြေပျက်အောင်မနည်းကွေ့ပတ်မောင်းရင်းအဝေးပြေးလမ်းပေါ်ရောက်မှန်းမသိရောက်လာခဲ့တာ အခုတော့ ပိတ်မိသွားပြီ
ပိုဆိုးတာက အဝေးပြေးလမ်းမပေါ်ရောက်လာတာကြောင့် အသွားအလာနည်းပါးလွန်းတယ်
ကားထဲကနေပတ်ဝန်းကျင်ကို တစ်ချက်အကဲခက် ကြည့်လိုက်တော့ ကွင်းပြင်ကျယ်ကျယ်တွေကိုသာတွေ့ရတယ် အိမ်နဲ့တူတာဆိုလို့ တဲစုပ်တစ်ခုတောင်မျှမတွေ့ရ
ကားတံခါးကိုစောင့်ဖွင့်လို့ ကားပေါ်ကဆင်းလိုက်တော့ အရှေ့မှပိတ်ရပ်ထားတဲ့ ကားပေါ်ကနေ အိင်္ကျီအမည်းရောင်ဝတ်ထားတဲ့ လူ လေးယောက်ဆင်းလာတာကိုတွေ့ရတယ်
ထို့နောက် ကားအနောက်ကို လှည့်ကြည့်လိုက်တော့ ပထမတစ်စီးထဲမှ နောက်ထပ် လူငါးယောက်
ဒုတိယတစ်စီးထဲမှ လူနှစ်ယောက်ဆင်းလာတာကိုတွေ့ရတယ်
ကျမ အံ့ဩစွာကြည့်နေရင်းမှာဘဲ ဒုတိယကားပေါ်မှ မိန်းကလေးတစ်ယောက်ဆင်းလာတာကိုတွေ့ရတယ်
What! Somi
မြင်နေရတဲ့ ကျမ မျက်လုံးကိုမယုံကြည်နိုင်စွာသေချာပြူးပြဲပြီး ပြန်ကြည့်လိုက်ရတယ်
သူမ ကနေကာမျက်မှန်အမည်းရောင်ကို ဟန်ပါပါချွတ်လိုက်ပြီး ကျမ ဆီကိုတစ်လှမ်းချင်းလျှောက်လာနေတာတွေ့ရတယ်
ရုတ်တရက် ကျမ အားအင်တွေကုန်ခမ်းသွားသလိုခံစားလိုက်ရတယ် သူမ ဘယ်လိုသိသွားတာလဲ သူမ ကိုအသက်မပါသလိုကြည့်နေရင်းမှာဘဲ ကျမ အနားကို သူမ ရောက်လာခဲ့တယ်
YOU ARE READING
စွန် (Completed)
Fanfictionစွန်လေးတစ်ခု လေထဲမှာလှပစွာပျံသန်းနေနိုင်ဖို့ဆိုရင် သူ့ကိုထိန်းချုပ်ထားနိုင်တဲ့ ကြိုးလေးတစ်ချောင်းတော့ရှိနေဖို့လိုအပ်တယ် အကယ်၍များကြိုးလေးသာပြတ်တောက်သွားခဲ့ရင်...... စွန်လေးဘဝဟာ မတွေးရဲစရာပါ......