လက်ကနာရီကိုလည်း ငုံ့မကြည့်ရဲဘူး
နေလုံးပြောက်လို့ အလင်းရောင်မှိန်ပြပြ သာကျန်နေသောဒီအချိန်ကျမ ပုံစံကမလှုပ်မယှက်ငြိမ်သက်နေပေမဲ့လို့ ရင်ဘက်ထဲမှာတော့ အလွန်ပြင်းထန်တဲ့ မုန်တိုင်းတစ်ခုဝင်မွှေနေပြီ
မျက်လုံးထဲမှာအရည်ကြည်တွေ ရစ်ဝိုင်းလာတာသိတယ် sooမသိအောင် ထိုအရာတွေကို မျက်တောင်နဲ့မသိမသာ ပုတ်ခက်ထုတ်လိုက်ရတယ်
သူမ သိလို့မဖြစ်ဘူးလေ တော်ကြာ ခြောက်နာရီမထိုးခင် ကျမ ကိုပြန်ခေါ်သွားလိမ့်မယ်
Lili ဘာလို့ရောက်မလာသေးတာလဲ
Babe စိတ်တွေထပ်ပြီးတင်းမထားနိုင်တော့ဘူး babe ငိုမိတော့မယ်စက္ကန့်တိုင်းက ကျမ ကိုခြောက်လှန့်နေသလိုခံစားရတယ် ဒီတစ်နာရီအတွင်း ကျမ မှာအသက်တောင်ငွေ့ငွေ့မရှူရဲပါဘူး
ဒီတစ်နာရီက ကျမ ဘဝအတွက်အရေးကြီးဆုံးအချိန်ဖြစ်နေတာမို့ တစ်နာရီအတွင်းသာ သူ မရောက်လာခဲ့ရင်
"ပြန်ကြရအောင်"
အေးအေးစက်စက်ထွက်ပေါ်လာတဲ့ Sooရဲ့စကားနောက်မှာတော့ ကျမ ခန္ဓာကိုယ်တစ်ခုလုံးလဲ အေးစက်သွားခဲ့ရတယ်
ဘာစကားမှပြန်မပြောနိုင်လောက်ေအာင်ကို ရင်ထဲစို့နစ်ပြီးဝမ်းနည်းလာမိတယ်
ဒူးပေါ်တင်ထားတဲ့ လက်တွေကလဲတုန်ယင်နေလို့ တစ်ဖက်နှင့်တစ်ဖက် တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားရတဲ့အဖြစ်
ဘာလို့လဲ ဘာကြောင့်အခုမှအချိန်တွေကအရမ်းမြန်နေရတာလည်း
"Jennie ငါပြောနေတာကြားရဲ့လား လေယာဉ်လည်းထွက်သွားပြီ မမှီတော့ဘူး အားလုံးနောက်ကျသွားပြီလို့"
ကျမ ပခုံးကိုလှမ်းကိုင်ရင်း သူမ ပြောလိုက်သည်အထိ ကျမ ပြန်မဖြေနိုင်သေး
"Soo သူ သူ ဘာဖြစ်လို့ ရောက်မလာေသးတာလဲဟင်"
ကျမ စကားဆုံးသွားတော့ Soo မျက်ရည်ကျလာတာကိုတွေ့ရတယ် သူမ ဘာကြောင့်မျက်ရည်ကျနေရတာလည်း ကျမ နားမလည်ဘူး
"Jen"
သူမ အသံကအရမ်းဝမ်းနည်းပြီး တိုးဖြော့နေတာဘဲ
YOU ARE READING
စွန် (Completed)
Fanficစွန်လေးတစ်ခု လေထဲမှာလှပစွာပျံသန်းနေနိုင်ဖို့ဆိုရင် သူ့ကိုထိန်းချုပ်ထားနိုင်တဲ့ ကြိုးလေးတစ်ချောင်းတော့ရှိနေဖို့လိုအပ်တယ် အကယ်၍များကြိုးလေးသာပြတ်တောက်သွားခဲ့ရင်...... စွန်လေးဘဝဟာ မတွေးရဲစရာပါ......