"Babe စောင့်ရတာကြာသွားလား"
"မကြာပါဘူး liliရဲ့"
ထိုင်ခံုမှာဝင်ထိုင်ပြီး ပြောလိုက်ခြင်းဖြစ်သည် သူ ဒီညအရမ်းဆွဲဆောင်မှုရှိလွန်းနေတယ်
"ဟင် မျက်လုံးကဘာဖြစ်တာလဲ နီရဲနေတာဘဲ"
"အာ ဟုတ်လား စောနက ဘာဝင်သွားတယ်မသိဘူး အာ့ မျက်လုံးကိုလက်နဲ့ပွတ်လိုက်တာ ဒါကြောင့်ထင်တယ်"
စိုးရိမ်နေတဲ့ သူ့မျက်ဝန်းတွေက ကျမ ကိုပိုပြီးဝမ်းနည်းစေသယောင်
"Babe ကလဲကွာ နောက်အဲ့လိုမလုပ်ရဘူးနော် ဒါကမကောင်းဘူးမျက်လုံးကိုထိခိုက်လိမ့်မယ် "
"ဟုတ် နောက်မလုပ်တော့ပါဘူး"
"အင်း လိမ္မာတယ် ဒါဆိုစားကြရအောင်နော် ကိုယ့်လက်ရာကို အကဲဖြတ်ပေးပါအုံး အာ"
အသားလေးကိုပါးပါးလှီးကာ ခွံကျွေးလာတဲ့ သူ့ကြောင့်ပါးစပ်ဟပေးလိုက်တော့ လျှာပေါ်ထိတွေ့လာတဲ့ အရသာက သူ့လို့ဘဲဆွဲမက်ဖို့ကောင်းတယ် အင်း သူကိုယ်တိုင်ချက်ထားလို့ထင်ပါရဲ့
"ဘယ်လိုလဲ ကောင်းရဲ့လား"
မျှော်လင့်ချက်အပြည့်နဲ့ မေးနေတဲ့ သူ့မျက်ဝန်းလေးတွေကအရောင်ေတွတောက်လို့
"အင်း အကောင်းဆုံးဘဲ"
လက်မေလးထောင်လို့ ခေါင်းငြိမ့်ပြလိုက်တော့ ပြုံးသွားတဲ့ သူ့မျက်နှာက မမေ့နိုင်စရာ ပန်းချီကားတစ်ချပ်လိုဘဲ
ရုတ်တရက်စိုးရိမ်လာမိတယ် အဲ့အပြုံးလေးတွေက ကျမ အတွက်ဖြစ်မနေေတာ့မှာကို
"တော်သေးတာပေါ့ ကိုယ်ကစိတ်ပူနေတာ"
"Lili ကတော်ပြီးသားဘဲဟာကို"
ပြုံးကာပြောလိုက်တော့ ကျမ ပါးလေးကို လက်နဲ့အသာဖျစ်ညှစ်လာတဲ့ သူ
ထပ်ပြီး အဲ့ဒီလက်တစ်စုံက ကျမ မဟုတ်တဲ့ အခြားလက်တစ်စုံကို ဆုပ်ကိုင်သွားမှာကို ကြောက်ရွံ့လာမိပြန်တယ်
"Babe စားလေ ဘာဖြစ်လို့လဲ "
"ဟင် အင်း စားပါတယ် liliရဲ့"
အတွေးလွန်နေတာကို liliကရိပ်မိသွားတယ်ထင်ပါ့ ကျမ မျက်ဝန်းတွေကို အသေချာကြည့်နေတာမို့ ကျမ မှာသူ့မျက်ဝန်းတွေအောက်ကနေ ရှောင်လွှဲနေရတယ်
YOU ARE READING
စွန် (Completed)
Fanfictionစွန်လေးတစ်ခု လေထဲမှာလှပစွာပျံသန်းနေနိုင်ဖို့ဆိုရင် သူ့ကိုထိန်းချုပ်ထားနိုင်တဲ့ ကြိုးလေးတစ်ချောင်းတော့ရှိနေဖို့လိုအပ်တယ် အကယ်၍များကြိုးလေးသာပြတ်တောက်သွားခဲ့ရင်...... စွန်လေးဘဝဟာ မတွေးရဲစရာပါ......