စွန် 🖤 3 🖤

1.1K 125 2
                                    

"Uncle ကျမ ရောက်ပါပြီ"

"အင်း ထိုင်ပါအုံး"

"Nae"

"ဒီနေ့ ည8နာရီမှာ ပစ္စည်းတွေရောက်မယ် အဲ့တာ တစ်ချက်သွားစစ်ကြည့်လိုက်အုံး နေရာကိုတော့ uncle messageပို့ပေးလိုက်မယ်"

"ဟုတ်ကဲ့ ကျမ သွားစစ်ကြည့်လိုက်ပါ့မယ်"

"အင်း ဂရုစိုက်ပါ"

"စိတ်ချပါ uncle ဒါဆို ကျမ ကိုခွင့်ပြုပါအုံး"

"အေးအေး ကောင်းပါပြီ"

"ဟုတ်ကဲ့"

အခု ကျမ နဲ့စကားပြောနေတဲ့သူကတော့ ကျမ ရဲ့အလုပ်ရှင်ပေါ့ ကျေးဇူးရှင်ဆိုရင်လဲမမှားပါဘူး

ဘာလို့ဆို ကျမ မိဘတွေဆုံးကတည်းက uncleက ကျမ ကိုစောင့်ရှောက်ပေးခဲ့တာလေ

ပြောစရာရှိတာလဲပြောပြီးပြီမို့ ကျမ နေရာကနေထလိုက်တယ်

"အော် သမီးlisa ခဏလေး ဦးပြောစရာကျန်သေးတယ်"

ရပ်နေရင်းနဲ့ဘဲ ကျမ နားထောင်နေလိုက်တယ်

"သမီးလေးက နောက်တစ်ပတ်လောက်မှာပြန်လာမယ်ပြောတယ် အဲ့ဒါ သမီးကို လာကြိုပေးပါတဲ့လေ သူ့ဆီကိုလဲ ဖုန်းဆက်ဖို့ ပြောခိုင်းသေးတယ်"

"ဟုတ်ကဲ့ ကျမ သွားကြိုလိုက်ပါ့မယ် ဖုန်းလဲဆက်လိုက်ပါ့မယ် uncle"

"အေးအေး ဒါဆိုသွားလို့ရပါပြီ"

"Nae"

Uncleကိုခေါင်းငြိမ့်အရိုသေပေးပြီးနောက် ထွက်လာခဲ့လိုက်တယ်

ပြီးတော့ကုမ္ပဏီကိုတန်းသွားလိုက်တယ် ကုမ္ပဏီမှာ ကျမ ရဲ့ရာထူးက ceo

Ceoဆိုပြီးအထင်မကြီးလိုက်ပါနဲ့ အဲ့ကုမ္ပဏီက ကျမ ပိုင်တာမဟုတ်သလို အဲ့မှာ အလုပ်လုပ်ပေးနေတာလဲ ကျမ အတွက်မဟုတ်ပါဘူး

Uncle ကအသက်လဲရနေပြီဆိုတော့ ကုမ္ပဏီကိုသူ့သမီးဆီလွှဲပြောင်းပေးပေမဲ့ သူမ ကစိတ်မဝင်စားတော့ ကျမ ဆီဘဲမဲကျတော့တာပေါ့

ပြောရမယ်ဆိုရင်တော့ ဒီကုမ္ပဏီက ဟန်ပြစီးပွားရေးတစ်ခုဘဲ uncleမှာလူတွေမသိကြတဲ့ အခြားစီးပွားရေးတွေ အများကြီးရှိသေးတယ်

စွန် (Completed)Where stories live. Discover now