စွန်လွှတ်ပြီးအပြန် ကျမ သူ့ကွန်ဒိုကိုလိုက်လာခဲ့တယ်
သူအခု အခန်းpassword ကိုရိုက်နှိပ်နေတယ် ပြီးတော့ ကျမ တို့အထဲဝင်ခဲ့ကြတယ် အခန်းကအရမ်းမိုက်ပြီး အထဲမှာ ပြင်ဆင်ထားတာတွေကလဲ တန်ဖိုးကြီးတဲ့အရာတွေကြည့်ဘဲ
"ဒီမှာတစ်ယောက်ထဲနေတာလား"
ကွန်ဒိုကအကျယ်ကြီးမို့ မေးလိုက်ခြင်းဖြစ်သည်
"အင်း အခုတော့တစ်ယောက်ထဲဘဲ နောက်ကျ နှစ်ယောက်ဖြစ်ရင်ဖြစ်လာမှာပေါ့"
ကျမ ကိုကြည့်ကာပြုံးစစပြောလာသည့် သူကြောင့် ရင်ခုန်တာလိုလို ရင်တုန်တာလိုလိုနဲ့ သေချာတာတော့ ကျမ ပါးနှစ်ဖက်လုံးနီရဲနေမှာအမှန်
"Babe ဝိုင်သောက်မလား ကိုယ် သွားယူလိုက်မယ်"
"ဟုတ်"
ကျမ ခေါင်းလေးကိုတစ်ချက်နမ်းပြီး ဝိုင်ပုလင်းယူဖို့ထွက်သွားတဲ့ သူ
သူထွက်သွားတော့ ပိုက်ဆံအိတ်ထဲကဖုန်းကိုထုတ်လိုက်ပြီး Sooဆီစာတစ်စောင်ပို့လိုက်တယ်
💌Soo သူငါ့ကိုအိမ်အလည်ခေါ်တယ်သိလား ငါအခု သူ့ကွန်ဒိုမှာရောက်နေတာ
💌ဟုတ်လား နောက်ဆုံးတော့သူ့အိမ်ကိုရောက်ဖူးပြီပေါ့
💌အင်း တွေ့လားသူတကယ်ငါ့ကိုချစ်ပါတယ်ဆို
💌အေးပါ အခုငါ့ကိုလာကြွားတာပေါ့လေ
💌ဒါပေါ့ ဟီးဟီး
💌အေးအေး ကောင်းကောင်းပျော်ခဲ့နော် ငါညကျမှဖုန်းဆက်လိုက်မယ်
💌omm bye
"Babe ဖုန်းကိုကြည့်ပြီးဘာတွေပြုံးနေတာလဲ"
ဝိုင်တစ်ပုလင်းနဲ့ဖန်ခွက်နှစ်လုံးကိုစားပွဲပေါ်တင်ရင်းမေးလာတဲ့သူ့ကြောင့် ဖုန်းကိုပိတ်လိုက်ကာ
"ဘာမှမဟုတ်ပါဘူး liliရဲ့ sooနဲ့စကားပြောနေတာ"
"Aww ရော့"
သူကဝိုင်ခွက်ကိုလှမ်းပေးတာမို့ ပြုံးပြရင်း သူ့ဆီကခွက်ကိုယူလိုက်တယ်
ကျမ တို့နှစ်ယောက်ခွက်ချင်းတိုက်ပြီး မျက်လုံးချင်းဆုံလို့ ဝိုင်ကိုမော့သောက်လိုက်ကြတယ်
YOU ARE READING
စွန် (Completed)
Fanficစွန်လေးတစ်ခု လေထဲမှာလှပစွာပျံသန်းနေနိုင်ဖို့ဆိုရင် သူ့ကိုထိန်းချုပ်ထားနိုင်တဲ့ ကြိုးလေးတစ်ချောင်းတော့ရှိနေဖို့လိုအပ်တယ် အကယ်၍များကြိုးလေးသာပြတ်တောက်သွားခဲ့ရင်...... စွန်လေးဘဝဟာ မတွေးရဲစရာပါ......