"Hey babe ကိုယ်ရောက်ပြီနော်"
အခန်းထဲဝင် ဝင်လာခြင်းသူမ ကိုမတွေ့တာမို့ အသံပေးလိုက်ခြင်းဖြစ်သည်
"ဘာလဲမရောက်သေးတာလား ဒါမဲ့ ဖိနပ်တော့ ရှိပါတယ်"
ကိုယ့်ဘာသာတစ်ယောက်တည်းေရရွတ်ရင်း အခန်းထဲဝေ့ဝဲကြည့်ေနမိတယ်
"မီးဖိုခန်းဘက်မှာများလား"
လက်ထဲကအိတ်ကို ခုံပေါ်တင်လိုက်ပြီး မီးဖိုခန်းဘက်သွားရှာလိုက်တယ်
အဲ့မှာလဲမရှိပြန်ဘူး
"Babeရေ ကိုယ် ရောက်ပြီလို့ ပုန်းနေတာလား ထွက်ခဲ့တော့ကွာ babeမျက်နှာလေး တွေ့ချင်လှပြီ"
တစ်ခန်းဝင်တစ်ခန်းထွက် လိုက်ရှာရင်း ပြောနေခြင်းဖြစ်သည်
"ဘယ်မှာမှလဲမရှိဘူး ဘာလား"
တစ်ယောက်ထဲခေါင်းကုပ်ရင်း သူမ ဘယ်နေရာမှာများရှိနေမလဲလို့ စဉ်းစားနေမိတယ်
"အာ ငါ့အခန်းထဲမှာများလား"
အိပ်ခန်းဘက်ကိုအမြန်သွားလိုက်ပြီး တံခါးဖွင့်ကြည့်
လိုက်တော့"ဟူး"
အခုမှဘဲသက်ပြင်းချနိုင်တော့တယ်
အိပ်ရာပေါ်မှာ ကွေးကွေးလေးအိပ်ေပျာ်နေတဲ့ ကျမ ရဲ့ပုစွန်ကွေးလေး
ခြေသံလုံလုံနဲ့ သူမလေး အနားသွားလိုက်ပြီး ဘေးနားလေးမှာအသာထိုင်လိုက်တယ် အိပ်ပျော်နေတဲ့ ကလေးလေး ကိုကြည့်နေရင်းနဲ့
ပါးဖောင်းဖောင်းလေးကို အူယားလွန်းလို့ လက်ညိုးနဲ့အသာတို့ထိကြည့်လိုက်တော့ အနည်းငယ်လူးလွန့်သွားတဲ့ ကောင်မလေးကြောင့် နှုတ်ခမ်းတွေတွန့်ကွေးအောင်ထိပြုံးလိုက်မိတယ်
နဖူးပေါ်ဖြာကျနေတဲ့ ဆံနွယ်အချို့ကို လက်နဲ့သပ်တင်ပေးေနရင်းမှာဘဲ ရင်ထဲကို ကြည်နူးစိတ်ကလေးကအလိုလိုဝင်ရောက်လို့လာပြန်တယ်
အဓိပ္ပာမဲ့နေတဲ့ ကိုယ့် ဘဝကမင်းနဲ့တွေ့မှ ရှင်သန်လာခဲ့တာ
ပါးမို့မို့လေးထပ်အနမ်းခြွေလိုက်တဲ့အခါမှာတော့ အကောင်ပေါက်လေးက လှုပ်စိလှုပ်စိဖြစ်လာတယ် ဟောအခုတော့ မျက်လုံးလေးနှစ်လုံးပွင့်လို့လာပါပြီဗျာ
YOU ARE READING
စွန် (Completed)
Fanfictionစွန်လေးတစ်ခု လေထဲမှာလှပစွာပျံသန်းနေနိုင်ဖို့ဆိုရင် သူ့ကိုထိန်းချုပ်ထားနိုင်တဲ့ ကြိုးလေးတစ်ချောင်းတော့ရှိနေဖို့လိုအပ်တယ် အကယ်၍များကြိုးလေးသာပြတ်တောက်သွားခဲ့ရင်...... စွန်လေးဘဝဟာ မတွေးရဲစရာပါ......