"hello babe အဆင်သင့်ဖြစ်ပြီလား ကိုယ် ရောက်နေပြီနော်"
"ဟုတ် ပြီးပြီ liliအခုဘဲဆင်းလာခဲ့မယ်"
"အင်းပါ ဒါဆို ကိုယ်ဖုန်းချလိုက်တော့မယ်"
"ဟုတ်"
ဒီနေ့ babeနဲ့အပြင်ထွက်ဖို့ ကတိပေးထားတာမို့ ခွင့်တစ်ရက်ယူပြီး babeကိုလာခေါ်တာ သူမကတစ်နေရာဘဲသွားဖို့ပြောခဲ့ပေမဲ့ ချစ်သူသက်တမ်းတစ်လပြည့်ေလးမှာတော့ သူမ လေးကိုပျော်ရွှင်စေချင်တာကြောင့် သူမ သွားချင်တဲ့နေရာတွေအားလုံးလိုက်ပို့ပေးဖို့ဆုံးဖြတ်ထားတယ် စိတ်ပူပေမဲ့ မတတ်နိုင်ဘူးလေ
ဟော မြတ်နိုးရာလေး အိမ်ထဲကနေထွက်လို့လာပါပြီ အဖြူရောင်ဒူးဖုံးဂါဝန်လေးဝတ်ထားပြီး မိုးပြာရောင် စကုပ်လေးကိုလဲတွယ်ထားသေးတာ တကယ်ပါ မိုးပေါ်က နတ်သမီးလေး နတ်သက်ကြွေလာသလားအောက်မေ့ရတယ်
ကိုယ့် ကိုမြင်တာနဲ့ ပျော်ရွှင်သွားတဲ့ သူမ မျက်နှာလေးကအရင်တိုင်း အပြုံးလေးတွေတွဲခိုလို့
တစ်လှမ်းခြင်းလှမ်းလာနေတဲ့ သူမ လေးကိုပြုံးပြီးကြည့်နေမိတာ အသက်ရှုဖို့မေ့တဲ့အထိဆိုပါတော့
"Babe မင်း အရမ်းလှနေတယ်"
ကားထဲမဝင်ခင်ပြောလိုက်တဲ့စကားကြောင့် ခေါင်းလေးငုံ့လို့ ရှက်နေပြန်သတဲ့
တွန့်ကွေးသွားတဲ့ နှုတ်ခမ်းလေးတွေမှာ ကြည်နူးရိပ်လေးတွေ တွဲခိုနေတယ်ဆိုတာ ဘယ်သူသိမှာလဲ
ခေါင်းလေးမော့လို့ ရှက်သွေးကြွယ်စွာ ပြောလာတဲ့စကားသံတိုးတိုးလေးက
"Lili လဲအရမ်းကြည့်ကောင်းနေတယ်"
တဲ့လေ"အင်း မင်းမျက်လုံးထဲမှာကြည့်ကောင်းနေတယ်ဆိုရင်ဘဲ ပြည့်စုံပါပြီ"
"Lili ဒီနေ့စကားတွေအရမ်းတတ်နေတယ်နော် ခဏခဏမခြွေပါနဲ့ဆိုကွာ"
"ဟဟ ဟုတ်ပါပြီကွာ ကြည့်ပါအုံး ပါးလေးတွေတောင်ရဲနေပြီ ကိုယ် ကအမှန်ပြောတဲ့ဟာကို မင်းလေးကရှက်နေပြန်ပါရောလား"
ပြောပြီး သူမ ပါးလေးကိုအသာဆွဲဖဲ့လိုက်တော့ ရင်ဘက်ကိုလက်ကလေးနဲ့ အသာရိုက်ပုတ်လိုက်တဲ့ ကောင်မလေးကြောင့် အသံထွက်သည်အထိရယ်လိုက်မိတယ်
YOU ARE READING
စွန် (Completed)
Fanficစွန်လေးတစ်ခု လေထဲမှာလှပစွာပျံသန်းနေနိုင်ဖို့ဆိုရင် သူ့ကိုထိန်းချုပ်ထားနိုင်တဲ့ ကြိုးလေးတစ်ချောင်းတော့ရှိနေဖို့လိုအပ်တယ် အကယ်၍များကြိုးလေးသာပြတ်တောက်သွားခဲ့ရင်...... စွန်လေးဘဝဟာ မတွေးရဲစရာပါ......