ဆွဲဆောင်မှုရှိပြီး ချစ်စရာကောင်းတဲ့ မျက်နှာပိုင်ရှင်လေးကို မနေ့ကတွေ့ခဲ့ရတယ်
အံ့ဩစရာကောင်းလောက်အောင် ပထမဆုံးတွေ့ဆုံမှုမှာတင် ကျမ တို့စကားတွေအများကြီးပြောဖြစ်ခဲ့ကြတယ်
သူ့မှာချစ်စရာကောင်းတဲ့ မျက်နှာလေးသာရှိတာ မိန်းကလေးတစ်ယောက်ရဲ့ အပြုအမူအပြောအဆို ဆိုတာရှိမနေဘူး ရှင်းရှင်းပြောရရင် သူက ယောက်ကျားလေး တစ်ယောက်လိုမျိုးဘဲ
သူ့မှာရှည်လျားတဲ့ခြေထောက်တွေလဲရှိတယ် ဆံမိတ်လေးလဲရှိသေးတယ်
သူနဲ့စကားပြောရတာ ပျော်ဖို့ကောင်းတယ် သက်တောင့်သက်သာလဲရှိတယ်
ဘာကြောင့်မှန်းမသိပေမဲ့ ကျမ သူနဲ့ထပ်ပြီးဆုံချင်သေးတယ် ဒါကြောင့် မနေ့က ကျမ တို့တွေ့ခဲ့တဲ့နေရာလေးကို ကျမ အခုရောက်နေတာ
သူ့ကိုစောင့်နေတာဆိုပိုမှန်လိမ့်မယ် သူလာမယ်လို့လဲ ကျမ ထင်တယ်
မြတ်ခင်းပြင်ပေါ်ထိုင်လိုက်ရင်း မနေ့ကအကြောင်းတွေးနေမိတယ်
မယုံနိုင်စရာဘဲ ကျမ မနေ့ကသူစိမ်းတစ်ယောက်ရဲ့ ရင်ခွင်ထဲမှာ အကြာကြီးငိုနေခဲ့တာတဲ့ အခု ပြန်တွေးကြည့်ရင် တကယ်ရှက်ဖို့ကောင်းတယ်
ထူးဆန်းစွာဘဲ ကျမ ရှက်မနေဘူး အဲ့လိုခံစားရစေတာလဲ သူ့ရဲ့နွေးထွေးလွန်းတဲ့ အကြည့်တွေကြောင့်ဖြစ်မယ်
သူကကြင်နာတတ်တဲ့လူတစ်ယောက်ဘဲ
"Hey မင်းဘာတွေပြုံးနေတာလဲ"
အသံကြားလို့ကြည့်လိုက်တော့ သူက ကျမ ဘေးမှာဝင်ထိုင်နေပြီ စောနက ကျမ ပြုံးနေမိတာလား
"ရောက်လာပြီလား ကျမ ရှင့်ကိုစောင့်နေတာ"
"OH sorryပါစောင့်လိုက်ရတဲ့အတွက်"
မထင်ထားဘူး သူမ စောင့်နေလိမ့်မယ်လို့ ရင်ထဲမှာနွေးထွေးသွားသလိုဘဲ
"အင်း ရပါတယ်"
"ဒါဆို ကိုယ့်ကို တစ်ခုလောက်ကူညီပေးမလား"
"ရတာပေါ့ ဘာကူညီရမလဲပြော"
"ဒီရစ်လုံးလေးကို ခဏကိုင်ထားပေးနိုင်မလား ကိုယ်စွန်လွှတ်တင်မလို့"
YOU ARE READING
စွန် (Completed)
Fanficစွန်လေးတစ်ခု လေထဲမှာလှပစွာပျံသန်းနေနိုင်ဖို့ဆိုရင် သူ့ကိုထိန်းချုပ်ထားနိုင်တဲ့ ကြိုးလေးတစ်ချောင်းတော့ရှိနေဖို့လိုအပ်တယ် အကယ်၍များကြိုးလေးသာပြတ်တောက်သွားခဲ့ရင်...... စွန်လေးဘဝဟာ မတွေးရဲစရာပါ......