ဒီနေ့လဲ ဖုန်းနံပါတ်တောင်းဖို့မေ့လာခဲ့ပြန်ပြီ
"ဟူး"
ဖုန်းကို မွေ့ယာပေါ်ပစ်ချလို့ စိတ်ပျက်စွာ ညည်းညူလိုက်သည်
"အရမ်း သတိရတာဘဲ ရှင်ရယ်"
ကိုယ်ကိုမွေ့ ယာပေါ်လှဲချလိုက်ပြီး မျက်လုံးတွေကိုမှိတ်လိုက်တော့ သူ့ပုံရိပ်တွေကဆီးကြိုလို့
"မင်း မကြိုက်ရင်လုံးဝမသောက်တော့ဘူး"
ဆိုတဲ့သူ့ရဲ့စကားသံလေး ပြန်ကြားယောင်မိတော့ ဘေးနားက ခေါင်းအုံးကိုဆွဲဖက်ပြီး ပြုံးနေမိတာ အရူးလိုဘဲ
နံရံပေါ်က နာရီကိုကြည့်လိုက်တော့ ည9နာရီကိုညွှန်ပြနေပြီ
6ခွဲလောက်က သူ ကျမ ကိုအိမ်ပြန်ပို့ပေးခဲ့တာထွက်ခွာသွားတဲ့သူ့ကားကိုကြည့်ရင်း ကျမ ဝမ်းနည်းလာမိတယ် အဲ့ကတည်းကလွမ်းနေခဲ့ရတာ သူ့ကိုလေ
အိမ်ထဲရောက်မှ ဖုန်းနံပါတ်မတောင်းရေသးမှန်းသတိရတယ် ကြည့် ကျမ ဘယ်လောက်တောင်မေ့တတ်လိုက်သလဲ သူ့မျက်နှာကိုတွေ့လိုက်တာနဲ့ အကုန်မေ့ရောဘဲ
ဒီချိန်ဆိုသူဘာလုပ်နေမလဲ အိပ်နေလောက်ပြီလား
ဟာ မအိပ်လောက်သေးပါဘူး အစောကြီးရှိသေးတဲ့ဟာကိုထမင်းရောစားပြီးပြီလားမသိဘူး လွမ်းလိုက်တာliliရယ်
LiLiတဲ့ ကျမ သူ့ကိုပေးလိုက်တဲ့နာမ်စားလေး
"LiLi"
စိတ်ကူးထဲကသူ့နာမည်လေးကိုနှုတ်ခမ်းပါးမှအသံထွက် ခေါ်ကြည့်လိုက်တော့ ဒါက အရမ်းစိတ်လှုပ်ရှားဖို့ကောင်းတာဘဲ
စိတ်တင်မဟုတ်ဘူး လူကပါ အိပ်ရာပေါ်လူးလိမ့်နေမိတယ် အခု ကျမ ကရင်ခုန်တတ်စ ဆယ်ကျော်သက်ကောင်မလေး တစ်ယောက်လိုဘဲ
ဆယ်ကျော်သက် မဟုတ်တော့ပေမဲ့ ပထမဦးဆုံးရင်ခုန်သံဆိုတာကိုတော့ယုံ
အချစ်နဲ့ ထိတွေ့ဘူးသူတိုင်းဒီလိုဘဲနေမှာပါ
ဒါကလဲ ဘယ်အရွယ်ရောက်ရောက် စိတ်လှုပ်ရှားဖို့ကောင်းလွန်းနေတာကိုးလို့♥️♥️
"Lisa ဘာလို့ပြုံးနေတာလဲ ငါကြောက်တောင်လာပြီ နင်တစ်လမ်းလုံးပြုံးနေတာ မရပ်တော့ဘူး"
YOU ARE READING
စွန် (Completed)
Fanfictionစွန်လေးတစ်ခု လေထဲမှာလှပစွာပျံသန်းနေနိုင်ဖို့ဆိုရင် သူ့ကိုထိန်းချုပ်ထားနိုင်တဲ့ ကြိုးလေးတစ်ချောင်းတော့ရှိနေဖို့လိုအပ်တယ် အကယ်၍များကြိုးလေးသာပြတ်တောက်သွားခဲ့ရင်...... စွန်လေးဘဝဟာ မတွေးရဲစရာပါ......