"babe စောင့်ရတာကြာသွားလား တောင်းပန်ပါတယ် လာခါနီးမှ အလုပ်ကိစ္စဖုန်းေပြာေနရလို့"
ကားပေါ်ကဆင်းဆင်းခြင်း ခြံရှေ့မှာစောင့်နေတဲ့ သူမ လေးကိုပြောလိုက်ခြင်းဖြစ်သည်
"ရပါတယ် liliရဲ့ ဒါဆိုသွားရအောင်လေ"
"အွန်း တက်ပါဗျ"
သူမ ဝင်ဖို့ကားတံခါးလေးဆွဲဖွင့်ပေးလိုက်တော့ မျက်လုံးလေးတွေမှေးသွားတဲ့အထိ ပြုံးပြနေသေးတာ
ကိုယ် လဲမောင်းသူနေရာအမြန်သွားလိုက်ပြီး ကားစက်မနှိုးခင် သူမ ပါးလေးကိုနစ်ဝင်သွားအောင် နမ်းပစ်လိုက်တယ်
ဟော ခေါင်းလေးငုံ့လို့ အရှက်သည်းနေပြန်သူလေး
ထို့နောက် သွားမဲ့နေရာကိုသာ ဦးတည်းမောင်းလိုက်တော့သည်
"Babe စွန်လွှတ်ပြီး အပြန်ကြရင် babeကို ကိုယ့်အိမ် အလည်ခေါ်မယ် ဘယ်လိုလဲ လိုက်မယ်မလား"
အိမ်ကိုအလည်ခေါ်မယ်ပြောတော့ သူမ မျက်လုံးလေးတွေတောက်ပသွားတာကို တွေ့လိုက်ရသည်
"တကယ်ပြောတာလား"
"တကယ်ပေါ့ babeကိုယ့် အိမ်ကိုမရောက်ဖူးသေးဘူးမလား"
"အင်း တစ်ခါမှ မရောက်ဖူးဘူး"
ခေါင်းလေးကိုခပ်သွက်သွက်ေလးရမ်းရင်းပြောလာတဲ့ သူမ လေးက ကိုယ် ဘာပြောပြော အမြဲပျော်နေတတ်သူလေး
မင်းလေး ဘာလို့အရမ်းပျော်နေရတာလဲ ဆိုတာ မစဉ်းစားတတ်ပေမဲ့ မင်း ကိုအခုလိုလေးဘဲပျော်နေစေချင်တယ်babe
"ဘာလို့ အဲ့လောက်ပျော်နေရတာလဲ babe"
အိမ်ကိုအလည်ခေါ်သွားမယ်လို့ပြောလိုက်ကတည်းက သူမ လေးပျော်နေတာ မျက်ဝန်းလေးတွေကအစအရောင်တောက်လို့ သိချင်လွန်းလို့မေးလိုက်မိတယ်
"အရမ်းသိသာသွားလား"
ပါးလေးနှစ်ဖက်ကို လက်နဲ့အုပ်လို့မေးလာတဲ့ သူမ
"ဒါပေါ့ ပြောပါဦး ဘာလို့လဲ"
"ဒီလိုပါဘဲ ပျော်စရာလေးရှိနေလို့ ဟီးဟီး"
"ဟုတ်ပါပြီ ကဲ ရောက်ပြီဗျာ"
စွန်လွှတ်မဲ့နေရာ ရောက်ပြီမို့ကားပေါ်က အမြန်ဆင်းပြီး သူမ ဆင်းရန် ကားတံခါးဖွင့်ပေးလိုက်တယ်
YOU ARE READING
စွန် (Completed)
Fanfictionစွန်လေးတစ်ခု လေထဲမှာလှပစွာပျံသန်းနေနိုင်ဖို့ဆိုရင် သူ့ကိုထိန်းချုပ်ထားနိုင်တဲ့ ကြိုးလေးတစ်ချောင်းတော့ရှိနေဖို့လိုအပ်တယ် အကယ်၍များကြိုးလေးသာပြတ်တောက်သွားခဲ့ရင်...... စွန်လေးဘဝဟာ မတွေးရဲစရာပါ......