ကျမ ကိုတွေ့တော့ အန်ကယ် ကင်ရဲ့မျက်နှာဟာ အံ့ဩထိန့်လန့်သွားတာကိုတွေ့ရတယ်
ကျမ တစ်ကိုယ်လုံးလဲ ကွန်ကရစ်လောင်းခံလိုက်ရသလိုမျိူး တောင့်ခဲသွားတယ်
သူမ လက်ကလေးကိုဆုတ်ကိုင်ထားတဲ့ လက်တွေတောင် ချွေးအနည်းငယ်စို့လို့လာပြီ
"Liliဘာဖြစ်လို့လဲ လာလေ"
ဆုတ်ကိုင်ထားတဲ့လက်ကလေးကိုလှုပ်ရမ်းလို့ ခေါ်ေနသူမေလးကြောင့် ပျက်ယွင်းနေတဲ့ မျက်နှာကို အမြန်ပြင်လိုက်ပြီး
"အော် အွန်း"
"လာ ထိုင်ကြ"
"ဟုတ်ကဲ့"
သူမ အမေညွှန်ပြတဲ့ ဆိုဖာပေါ်ထိုင်ချ လိုက်ရင်း ကိုယ့်ကိုကိုယ် စတင်မိတ်ဆက်လိုက်တယ်
"မင်္ဂလာပါ အန်ကယ် နဲ့အန်တီ ကျမ နာမည်က Lalisa Manobalပါ HSM ကုမ္ပဏီရဲ့ CEOပါ"
"မင်္ဂလာပါကွယ်"
သူမ ရဲ့အမေမှပြောလာခြင်းဖြစ်သည် အန်ကယ် ကင်ကတော့ ကျမ ရောက်လာကတည်းကတိတ်ဆိတ်လို့နေတယ်
အန်ကယ့် ကိုကြည့်ရတာ တစ်ခုခုကိုစိုးရိမ်နေသလိုဘဲ ဘာကိုစိုးရိမ်နေလဲဆိုတာ ကျမ ကောင်းကောင်းသိတာပေါ့
ဘာလို့ဆို ကျမ ကဘယ်လိုလူမျိုးလဲဆိုတာ အန်ကယ် သိနေလို့ဘဲ တစ်နည်းအားဖြင့် အန်ကယ်ကင် နဲ့မှောင်ခိုဈေးကွက်မှာ တစ်ခါနှစ်ခါလောက်တွေ့ဆုံဖူးတယ်
အခုတော့ ကျမက သူ့သမီးရဲ့ ချစ်သူတစ်ယောက်အနေနဲ့ သူ့အိမ်ကိုရောက်နေပြီလေ မိဘတစ်ယောက်အနေနဲ့ ကိုယ့်သားသမီး ကမကောင်းတဲ့လူတစ်ယောက်နဲ့ ပတ်သတ်နေတာကို စိတ်ပူသင့်ပါတယ်လေ
ကောင်းကျိုးမပေးတဲ့ကံကြမ္မာကိုသာ ကျိမ်ဆဲနေမိတော့တယ်
သူမ အမေနဲ့စကားအနည်းငယ်ပြောပြီးနောက် ကျမ တို့ထမင်းစားခဲ့ကြတယ်
စကားပြောရတာလဲအဆင်ပြေပါတယ် သူမ အမေနဲ့ပေါ့
"နေ့လည်စာအတွက်ကျေးဇူးတင်ပါတယ် အန်ကယ်နဲ့အန်တီ ဒါဆို ကျမ ကိုခွင့်ပြုပါဦးနော်"
"ကောင်းပါပြီကွယ်"
သူမ အမေကိုပြုံးပြနှုတ်ဆက်ပြီးနောက် ပြန်ဖို့ထိုင်ခုံကနေထလိုက်တဲ့အချိန်မှာ
YOU ARE READING
စွန် (Completed)
Fanfictionစွန်လေးတစ်ခု လေထဲမှာလှပစွာပျံသန်းနေနိုင်ဖို့ဆိုရင် သူ့ကိုထိန်းချုပ်ထားနိုင်တဲ့ ကြိုးလေးတစ်ချောင်းတော့ရှိနေဖို့လိုအပ်တယ် အကယ်၍များကြိုးလေးသာပြတ်တောက်သွားခဲ့ရင်...... စွန်လေးဘဝဟာ မတွေးရဲစရာပါ......