စွန် 🖤 5 🖤

1K 112 2
                                    

"ဟဲ့ Jen ဘာဖြစ်တာလဲ နင့်မျက်လုံး‌ေတွကဇွန်ဘီဖြစ်နေပြီ"

သင်တန်းသွားဖို့ အိမ်ပေါ်က ဆင်းဆင်းချင်း sooပြောလာခြင်းဖြစ်သည်

ပြောလည်းပြောချင်စရာ ညက မရေရာတဲ့အကြောင်းတရားတွေကြောင့် တော်တော်နဲ့အိပ်မပျော်ခဲ့

"အင်း ညကအိပ်ရေးပျက်သွားလို့"
.
.
.

"နင့်လူနဲ့ တစ်ခုခုဖြစ်လို့လား"

ကားမောင်းနေရင်းမှ Sooမေးလိုက်သည်

"မဖြစ်ပါဘူး"

ကားမှန်မှတဆင့်အပြင်ကိုငေးကြည့်ရင်း လေးကန်စွာပြောလိုက်တယ်

"ငါ သိတဲ့ Jennie kimက ဒီလိုမျိုးမဟုတ်ပါဘူး အမြဲတတ်ကြွနေတာလေ အသည်းကွဲရအောင်လဲ နင့်မှာရည်းစားမှမရှိတာ ပြောစမ်းပါ နင်ဘာဖြစ်နေတာလဲ ဟိုလူနဲ့ပတ်သတ်နေတယ်ဆိုတာငါသိတယ်နော်"

"ငါ ဒီနေ့ အတန်းမတက်ချင်တော့ဘူး တစ်နေရာ သွားရအောင်"

"Okay"
.
.
.
.

"ဘာလို့ barလဲ"

တစ်နေရာသွားရအောင်လို့ပြောတာ barကို မောင်းလာတယ်လေ တကယ်ဘဲ

"နင်ညစ်နေတယ်မလား သောက်ဖို့လိုအပ်တယ်ထင်လို့"

"ငါမသောက်ချင်ဘူး"

"မသောက်ချင်လဲ လာထိုင် ငါတော့သောက်မယ်"

မျက်စောင်းတစ်ချက်ထိုးပြီး Sooဘေးဝင်ထိုင်လိုက်ရတယ် ညစ်နေတာက ကျမ သောက်တော့သူတဲ့ အံ့ဩဘ

"ကဲဆိုစမ်းပါအုံး"

ဝိုင်တစ်ခွက်ကို ပါးစပ်နားတေ့လို့မေးလာသည်

သက်ပြင်းဖွဖွတစ်ချက်ချလိုက်ပြီး

"မနေ့ညက သူ ငါ့ဆီရောက်လာတယ်"

"နင့်အိမ်ကိုလား"

ဝိုင်ခွက်ကိုချရင်းSoo မေးလိုက်တယ်

"အင်း 10နာရီလောက် ဘယ်အချိန်ကတည်းကရောက်နေလဲတော့မသိဘူး ငါအိပ်မပျော်လို့ ဝရန်တာဘက်ထွက်မှ သူ့ရောက်နေမှန်းသိတာ"

"သူက ညကြီးမိုးချုပ် ဘာလာလုပ်တာလဲ"

"လမ်းကြုံလို့ဝင်လာတာတဲ့"

စွန် (Completed)Where stories live. Discover now