"ငါ.. သွားမယ် Soo"
"ဘာ! နင်ရူးနေလား အဲ့ကိုသွားပြီး သူတို့နှစ်ယောက်ပျော်ရွှင်နေတာကို ရင်အကွဲခံပြီးထိုင်ကြည့်နေမလို့လား နင်ဘာတွေတွေးနေတာလည်း Jen"
"ငါ အဲ့ကိုသွားမယ် Soo"
ကျမ ပြုံးကာပြောလိုက်တော့ Sooကမယုံသလိုကြည့်လာတယ်
"နင် ဘာတွေကြံစည်နေတာလည်း သူ့မင်္ဂလာပွဲဖြတ်ဖို့ဆို ငါလည်းကူညီမယ်"
Oh! ကျမ အဲ့ကိုသွားမှာ မင်္ဂလာပွဲပျက်အောင်လုပ်ဖို့လို့ သူမ ထင်နေတာလား
"မဟုတ်ပါဘူး ငါက ဒီအတိုင်း သူ့ဘဝရဲ့အပျော်ရွှင်ရဆုံးနေ့လေးကိုသွားပြီးဂုဏ်ပြုပေးချင်ရုံပါ"
မျက်ရည်စတွေကိုဆွဲသုတ်ပြီး ပြုံးကာပြောလိုက်တော့ နားလည်ရခက်တဲ့မျက်ဝန်းအစုံနဲ့ကြည့်လာတဲ့ သူမ
"Jen ငါပြောချင်တာက နင် ဘယ်လိုမှမခံစားရဘူးလား"
ကျမ မျက်ဝန်းတွေထဲကိုစိုက်ကြည့်ကာ သူမ မေးလာတယ်
ဘယ်လိုမေးလိုက်တာလည်း ငါချစ်ရတဲ့လူတစ်ယောက်က အခြားတစ်ယောက်နဲ့ လက်ထပ်တော့မဲ့ ကိစ္စကို ငါကမခံစားရဘဲနေမလားဟာ
ငါမြတ်နိုးရတဲ့ သူ့ကိုအခြားတစ်ယောက်ကပိုင်ဆိုင်သွားမှာ...
ငါ သဘောကျရတဲ့ သူ့ပါးမို့မို့လေးတွေကို အခြားတစ်ယောက်နမ်းရှိုက်နေမှာ...
ငါ အရမ်းရူးသွပ်ရတဲ့ သူ့နှုတ်ခမ်းဖူးဖူး လေးတွေကိုအခြားတစ်ယောက်ကအကြင်နာတွေပေးနေမှာ...
ငါ အမြဲတမ်းခိုလုံချင်ခဲ့တဲ့ သူ့ ရင်ခွင်နွေးနွေးေလးထဲမှာ အခြားတစ်ယောက်ကမှေးစက်နေမှာ...ဒါတွေကိုငါမကြောက်ဘဲနေမလား ကြောက်လွန်းလို့ ထပ်ပြီးမခံစားနိုင်တော့လို့ ငါဒီလိုဆုံးဖြတ်လိုက်ရတာ
"ငါ နောက်ဆုံးအနေနဲ့ သူ့ မျက်နှာလေးကြည့်သွားချင်လို့ပါ ပြီးရင် ငါထွက်သွားတော့မယ်"
သူမ ကိုခပ်ဖျော့ဖျော့ပြုံးပြရင်း ကျမ ပြောလိုက်တယ်
"ဘယ်ကိုလည်း"
"တစ်နေရာရာပေါ့ အဲ့နေ့ကြမှ နင့်ကိုပြောပြပါ့မယ်"
"အေးပါ ကောင်းပါတယ် နင်သူနဲ့အဝေးဆုံးကိုထွက်သွားပြီး မကောင်းတဲ့အတိတ်တွေရော သူ့ကိုရော အားလုံးကိုမေ့ပစ်ပြီး ဘဝအသစ်မှာ ကောင်းကောင်းရှင်သန်နေပါ ငါ့ကိုတော့မမေ့လိုက်နဲ့နော်"
YOU ARE READING
စွန် (Completed)
Fanficစွန်လေးတစ်ခု လေထဲမှာလှပစွာပျံသန်းနေနိုင်ဖို့ဆိုရင် သူ့ကိုထိန်းချုပ်ထားနိုင်တဲ့ ကြိုးလေးတစ်ချောင်းတော့ရှိနေဖို့လိုအပ်တယ် အကယ်၍များကြိုးလေးသာပြတ်တောက်သွားခဲ့ရင်...... စွန်လေးဘဝဟာ မတွေးရဲစရာပါ......