"Lisa ya ငါရောက်ပြီ"
"Aww ရောက်ပြီလား အတော်ဘဲမိတ်ဆက်ပေးရအုံးမယ် ချယ် ဒါက ငါ့ရဲ့ပူပူနွေးနွေးချစ်သူလေး Jennie Kimတဲ့"
"အာ တွေ့ရတာဝမ်းသာပါတယ်နော်"
" Nae "
"Babe ဒါကိုယ့်သူငယ်ချင်း ပတ်ချယ်ယောင်းတဲ့"
"ဟုတ် lili ကိုခင်သလို jenကိုလဲခင်ပါနော်"
"ဟုတ်ကဲ့ပါ lisa နင်လူကအချောလေးဘဲ"
"ဒါပေါ့"
"နောက်ဆုံးတော့ နင်ငါ့ကိုတရားဝင်မိတ်ဆက်ပေးနိုင်ပြီပေါ့လေ"
ချယ့်စကားကြောင့် ပြုံးသာနေလိုက်တယ် သူမ ကတော့ထုံးစံအတိုင်း ရှက်သွေးဖြာနေလေရဲ့
"ဒါဆိုပြန်ကြတော့မလား ငါကအားတာမဟုတ်ဘူးနော်"
"အေးပါ နင်ကလဲ babe ပြန်ရအောင်နော်"
"ပြန်ဖို့ unnieကိုခေါ်ထားတာလား ဘာလို့လဲ"
"ဘာလို့ရမှာလဲ သူ့ ခြေထောက်မှာဒဏ်ရာရထားလို့လေ အဲ့တာကားမေမာင်းနိုင်လို့ ဒီကိုတောင် unnieလိုက်ပို့ပေးရတာ"
"ဟင် ဟုတ်လား ဘယ်နားမှာလဲ ဒဏ်ရာကကြီးလား ဆေးရောထည့်ပြီးပြီလား ပြအုံး"
"Hey ကိုယ် အဆင်ပြေပါတယ် ဒဏ်ရာကအရမ်း မကြီးပါဘူး ဘာမှမဖြစ်ဖူး စိတ်မပူနဲ့နော်"
ခြေထောက်ကိုကိုင်ပြီး ဒဏ်ရာကိုလိုက်ရှာနေတဲ့ သူမ လေးကြောင့် လက်တွေကိုဖမ်းဆုပ်ရင်း ပြောလိုက်ရတယ်
"မရပါဘူး ပြလို့"
"ဟုတ်တယ် jenရဲ့ ဒဏ်ရာကသေးသေးလေးပါ စိတ်ပူစရာမရှိဘူး unnie ကိုယ်တိုင် ဆေးထည့်ပေးထားတာ စိတ်ချ"
"အွန်းပါ"
ချယ် ဝင်ပြောလိုက်မှ လက်လျော့သွားတဲ့ ကောင်မလေးရယ်ပါ ကျေနပ်ပုံတော့မပေါ်ဘူး
"ဒါဆိုပြန်ကြမယ်လေ"
"inn ဖြေးဖြေးထအုံး babeထိန်းပေးမယ်နော်"
"အွန်း"
သူမ ကိုယ် သူမ babeလို့သုံးလိုက်တော့ ပျော်ရွှင်မှုက မဖုံးနိုင်မဖိနိုင်ဖြစ်ရသေး
"Lili နော် ဒီလောက်ဖြစ်နေတာကိုပြုံးနေနိုင်သေးတယ်"
ပခုံးအောက်ကို ခေါင်းလေးလျှိုဝင်ပြီး ခါးကိုထိန်းဖက်ပေးရင်း သူမ လေးကဆိုလာတယ်
YOU ARE READING
စွန် (Completed)
Fanfictionစွန်လေးတစ်ခု လေထဲမှာလှပစွာပျံသန်းနေနိုင်ဖို့ဆိုရင် သူ့ကိုထိန်းချုပ်ထားနိုင်တဲ့ ကြိုးလေးတစ်ချောင်းတော့ရှိနေဖို့လိုအပ်တယ် အကယ်၍များကြိုးလေးသာပြတ်တောက်သွားခဲ့ရင်...... စွန်လေးဘဝဟာ မတွေးရဲစရာပါ......