ရင်ခွင်ထဲက ကောင်မလေးရဲ့ နဖူးပြင်ေလးကို မပြီးဆုံးနိုင်သော အနမ်းတွေပေးရင်း
နှုတ်ကနေ တောင်းပန်ပါတယ်ဆိုတဲ့စကားကို အကြိမ်ကြိမ်ရေရွတ်နေတဲ့ ကောင်မလေး
"တောင်းပန်ပါတယ် အများကြီး အများကြီး တောင်းပန်ပါတယ်ကွာ ကိုယ် မင်းကိုထပ်ပြီးမထားခဲ့တော့ဘူးလေ ပြန်လာခဲ့ပါ ခလေးရယ် ကိုယ် မင်းကိုပြောခဲ့တဲ့စကားတွေက အလိမ်အညာတွေပါ ကိုယ် ချစ်တာ မင်းတစ်ယောက်တည်းပါ ဟော့ဒီက babeဆိုတဲ့ ကိုယ့်ရဲ့ကလေးလေး တစ်ယောက်တည်းကိုဘဲချစ်တာပါ ဘာလို့ အခုလိုမျိုးလုပ်ရတာလည်း ကိုယ် မင်းအနားကထွက်သွားတာက ဒီလိုဖြစ်ဖို့မဟုတ်ဘူးလေ"
ကျမ ရွှေးချယ်မှုတွေမှားသွားခဲ့တာလား ဘယ်အရာကမှားနေခဲ့တာလည်း ပြောပါဦး သူမ ကိုမဆုံးရှုံးရဖို့အနားကထွက်သွားခဲ့တာလေ
အခုတော့ တစ်ဘဝလုံး ဝေးကြရပြီ
"ဒီလိုမှန်းသိခဲ့ရင် နောက်ဆုံးအကြိမ်ပွေ့ဖက်ခြင်းမှာ ကိုယ် မင်းကိုလွှတ်မပေးခဲ့ပါဘူး ထွက်သွားခွင့်ပြုခဲ့မှာမဟုတ်ဘူး ကိုယ့် နှလုံးသားကထွက်မသွားဖို့အကြိမ်ကြိမ်တောင်းဆိုနေတဲ့အသံတွေကို ကိုယ် လျစ်လျူမရှူခဲ့သင့်ဘူး အခုတော့ အခုတော့ ကိုယ် ဘယ်လိုလုပ်ရပါ့မလဲ ကိုယ် ဆက်ပြီးဘယ်လိုအသက်ရှင်ရမှာလည်း babe ပြောပါအုံး ကိုယ့်ကိုပြောပါအုံး babeရ"
သူမ ပါးလေးကို ညင်သာစွာကိုင်တွယ်ရင်း နောင်တတွေ တပွေ့တပိုက်နဲ့ ငိုကြွေးနေတဲ့ သူ
"ဘုရားသခင်က ဘာလို့ ကျမ မြတ်နိုးရတဲ့ ကောင်မလေး ကိုမှခေါ်သွားရတာလည်း ဒီကမ္ဘာပေါ်မှာ လူတွေအရမ်းရှားနေလို့ ချစ်ရတဲ့ဒီကောင်မလေးကိုမှ ခေါ်သွားရက်လေသလား"
ရင်ခွင်ထဲက ကောင်မလေး ရဲ့မျက်ခုံးတန်းလေးကို လက်ချောင်းလေးနဲ့အသာပွတ်ဆွဲရင်း ဘုရားသခင်ကို အပြစ်တင်နေတဲ့ သူ
အော်ဟစ်ပေါက်ကွဲနေခြင်းမျိုးမဟုတ်ဘဲ ချစ်ရတဲ့ ကောင်မလေးရဲ့ မျက်နှာလေးကို တစိမ့်စိမ့်ကြည့်ကာ ကြေကွဲဖွယ် စကားလုံးတွေတို တီးတိုးရေရွတ်နေခြင်းဖြစ်သည်
YOU ARE READING
စွန် (Completed)
Fanfictionစွန်လေးတစ်ခု လေထဲမှာလှပစွာပျံသန်းနေနိုင်ဖို့ဆိုရင် သူ့ကိုထိန်းချုပ်ထားနိုင်တဲ့ ကြိုးလေးတစ်ချောင်းတော့ရှိနေဖို့လိုအပ်တယ် အကယ်၍များကြိုးလေးသာပြတ်တောက်သွားခဲ့ရင်...... စွန်လေးဘဝဟာ မတွေးရဲစရာပါ......