ပြေးလွှားနေတဲ့ ကျမ ရဲ့ခြေလှမ်းတွေက တစ်စုံတစ်ယောက်ရဲ့ ကျောပြင်လေးကို လှမ်းမြင်လိုက်ချိန်မှာ ရပ်တန့်သွားခဲ့ရတယ်
ပျော်လွန်းလို့ မျက်ဝန်းအိမ်ကနေ မျက်ရည်တွေရစ်ဝိုင်းလာတဲ့အထိပါဘဲ
ကျေးဇူးပါ lili ဒီနေရာေလးမှာရှိနေပေးလို့
ပါးပြင်ကပူနွေးစိုစွတ်နေတဲ့ မျက်ရည်စတွေကို ဆွဲသုတ်လိုက်ပြီး ခြေလှမ်းတွေကို သူ့ဆီဦးတည်လိုက်တယ်
စတွေ့ခဲ့တုန်းကအတိုင်းဘဲ ကျမ ချစ်ရတဲ့ သူက အခုလည်း ကောင်းကင်ကစွန်လေးကိုမော့ကြည့်ရင်း ဘာတွေတွေးနေတယ်မသိ
သူ့အနားရောက်အောင်သွားနေပေမဲ့ ထူးထူးဆန်းဆန်း သူ့အနားရောက်သွားမှာကိုကြောက်နေမိတာ ဘာကြောင့်များလည်း
လွမ်းနေရတဲ့ ကျောပြင်လေးကိုပြေးဖက်ထားလိုက်ချင်ပေမဲ့ ကျမ စိတ်တွေ မရဲဘူးဖြစ်နေတယ်
သူ့အနားရောက်ဖို့ အနည်းငယ်သာလိုတော့တဲ့ အကွာအဝေးမှာ ကျမ ခြေလှမ်းတွေကိုရပ်တန့်လိုက်တယ်
ဘာကြောင့်မှန်းမသိပေမဲ့ ကျမ ကြောက်နေခဲ့တယ် သူ့ကိုတွေ့နေရပေမဲ့ လွမ်းနေတုန်းဘဲ
♥️
ဒီအချိန်ဆို သူမလေး ကျမ ကိုလိုက်ရှာနေမလား
စက်ပိတ်ထားတဲ့ ဖုန်းကိုဘဲ ဆက်တိုက်ခေါ်နေမှာလား
ကိုယ် မရှိတဲ့ ကိုယ့်ရဲ့အခန်းထဲမှာဘဲ တိတ်တိတ်လေးငိုကြွေးနေမှာလားကိုယ် မင်းဆီကိုလာဖို့ သတ္တိမရှိသေးဘူး babeရယ် မင်းရဲ့မျက်ရည်တွေကိုမြင်ရရင် ကိုယ့်နှလုံးသားက တောင့်ခံနိုင်မှာမဟုတ်ဘူး
ကိုယ့်ကိုခွင့်မလွှတ်ပါနဲ့ အမြဲတမ်း ကိုယ့်အတွက်ဘဲတွေးပေးပြီး ယုံယုံကြည်ကြည် နဲ့ချစ်ခဲ့ပေးတဲ့ ကောင်မလေး အပေါ်ကိုမှ ဒီလိုမျိုးရက်ရက်စက်စက် စွန့်ပစ်ခဲ့တဲ့ ကိုယ့်ကို ခွင့်မလွှတ်ပါနဲ့
ဒီနေရာ ကိုမင်းလေးရောက်မလာစေဖို့ ကိုယ်ဆုတောင်းပါရစေ ရင်ဆိုင်ဖို့ ခွန်အားမရှိသေးလို့ပါ
"Lili"
ဆုတောင်းတွေက ချက်ချင်းပြည့်တာဘဲ အနောက်နားလေးက ကြားလိုက်ရတဲ့ ခေါ်သံလေးကသတ်သေ
YOU ARE READING
စွန် (Completed)
أدب الهواةစွန်လေးတစ်ခု လေထဲမှာလှပစွာပျံသန်းနေနိုင်ဖို့ဆိုရင် သူ့ကိုထိန်းချုပ်ထားနိုင်တဲ့ ကြိုးလေးတစ်ချောင်းတော့ရှိနေဖို့လိုအပ်တယ် အကယ်၍များကြိုးလေးသာပြတ်တောက်သွားခဲ့ရင်...... စွန်လေးဘဝဟာ မတွေးရဲစရာပါ......