ဒီနေ့ကစပြီး အရင်နေခဲ့တဲ့ အိမ်မှာပြန်နေရမှာဖြစ်လို့ လိုအပ်တဲ့ပစ္စည်းတွေ လာသယ်တာ
အခန်း တံခါးဖွင့်လိုက်တော့ တစ်ခန်းလုံး လင်းထိန်နေတာတွေ့ရတာကြောင့် ကျမ လန့်သွားမိတယ်
"သူမ ဒီကိုရောက်နေတာလား"
လောလောဆယ်အခြေနေမှာ သူမ နဲ့တွေ့ဖို့ရာအတွက်အဆင်မပြေသေးတာမို့ ပြန်ထွက်ဖို့ စိတ်ကူးလိုက်ပြီးမှ
ကျမ စိတ်ကမပြတ်သားနိုင်ဘူးဖြစ်နေတယ် ပြီးတော့ ဒါကအကြာကြီးရှောင်ပြေးနေဖို့မကောင်းဘူးလေ
အနည်းဆုံးတော့ကျမ အပေါ်စိတ်ပျက်သွားအောင် အကြောင်းပြချက်တစ်ခုတော့ပေးခဲ့ရမယ်မလား ဒါမှ ရှေ့လျှောက် သူမ ကောင်းကောင်းရှင်သန်နိုင်မှာလေ
ဆုံးဖြတ်ချက်တစ်ခုချလို့ အခန်းထဲကိုပြန်ဝင်ခဲ့လိုက်တယ် နေရာအနှံ့ သူမ ကိုရှာနေပေမဲ့မတွေ့ရ နောက်ဆုံး ကျမ အိပ်ခန်းဆီ ဦးတည်လျှောက်ခဲ့ပြီး တံခါးကိုဖြေးညှင်းစွာဆွဲဖွင့်ကြည့်လိုက်တော့
ကုတင်ပေါ်မှာခွေခွေလေး အိပ်ပျော်နေရှာတဲ့ မြတ်နိုးရာလေးကို တွေ့လိုက်ရချိန် မဖိတ်ခေါ်ပါဘဲနဲ့ မျက်ရည်စတွေက ကျလာပြန်တယ်
ခြေသံလုံလုံနဲ့ အခန်းထဲကိုဝင်ခဲ့လိုက်ပြီး တံခါးကိုပြန်ပိတ်လိုက်တယ်
သူမ အနားကိုလျှောက်လာခဲ့ပြီး ဒူးထောက်ကာ မြတ်နိုးရတဲ့ မျက်နှာလေးကိုအမြဲတမ်းအလွတ်ရနေအောင် နှလုံးသားထဲ အမြဲအမှတ်ရနေအောင် ငေးကြည့်နေမိတယ်
ဘယ်လောက်တောင်ငိုထားတယ်မသိ မျက်နှာလေးကိုမို့အစ်နေတာဘဲ ဒါကအတော့်ကိုခံရခက်စေတယ်
အချိန်တိုင်းမြင်တွေ့ခွင့်မရတော့မဲ့ မျက်နှာလေးကို မျက်တောင်မခက်တမ်းငေးစိုက်ကြည့်နေပေမဲ့ ဘယ်လိုကြည့်ကြည့် ကြည့်မဝဖြစ်နေလို့ ဘယ်လိုလုပ်ရပါ့
ကိုယ်ဘယ်လိုလုပ်ရမလည်း မင်း မရှိတဲ့ နေ့ရက်တိုင်းကို ဘယ်လိုစိတ်နဲ့ အသက်ရှူရမလည်းတောင်မသိတော့ဘူး babe
လွမ်းတိုင်း ဘယ်လိုပြေးတွေ့ရပါ့မလည်း
Good night ဆိုတဲ့မင်းအသံလေးမကြားရဘဲ ကိုယ် ဘယ်လိုအိပ်ရပါ့မလဲ
မင်းပေးနေကြ Morning kiss လေးတွေကို အိပ်ရာထတိုင်းလွမ်းနေရတော့မယ်
YOU ARE READING
စွန် (Completed)
Fanficစွန်လေးတစ်ခု လေထဲမှာလှပစွာပျံသန်းနေနိုင်ဖို့ဆိုရင် သူ့ကိုထိန်းချုပ်ထားနိုင်တဲ့ ကြိုးလေးတစ်ချောင်းတော့ရှိနေဖို့လိုအပ်တယ် အကယ်၍များကြိုးလေးသာပြတ်တောက်သွားခဲ့ရင်...... စွန်လေးဘဝဟာ မတွေးရဲစရာပါ......