"သူမ မရှိတော့ဘူး နင့်ကြောင့် အဲ့ဒါနင့်ကြောင့်သိရဲ့လား လူယုတ်မာရဲ့"
မလှုပ်မယှက်နဲ့ အသေကောင်လိုမျိုးရပ်နေတဲ့ သူ့ ကို သူမ ထပ်ပြီးအော်ပြောကာ ရိုက်ဖို့ပြင်လိုက်တော့ သူမ လက်ကိုဖမ်းဆုပ်ကာ တားလိုက်တဲ့ လက်တစ်စုံ
"တော်သင့်ပြီ နင်ထွက်သွားလိုက်တော့ သူဘာသာသေချင်လို့ သတ်သေသွားတာလေ honeyနဲ့ဘာဆိုင်လဲ"
Somiလက်ထဲကနေ သူမ ရဲ့လက်ကိုရုန်းထွက်လိုက်ပြီး
"သူများ ရည်းစားကို လုယူပြီး ငါ့သူငယ်ချင်းကို ခံစားရအောင် လုပ်တဲ့ နင့်ကိုရော ငါခွင့်မလွှတ်ဘူး"
တို့နောက် တစ်ယောက်နဲ့တစ်ေယာက်အပြစ်တင်ရင်း စကားအချေတင်ဖြစ်နေကြတဲ့ သူမ တို့နှစ်ဦး
ပွဲထဲကလူတွေရဲ့တစ်ယောက်တစ်ပေါက်ပြောသံတွေလည်းနားထဲမဝင်တော့ဘူး
ဘေးနာမှာရန်ဖြစ်နေကြတဲ့ နှစ်ယောက်ကိုလည်းဂရုမစိုက်နိုင်တော့ဘူး
ခေါင်းထဲမှာမူးနောက်ပြီး လည်ပတ်နေတဲ့သွေးတွေကဘဲရပ်တန့်သွားသလား
နှလုံးသားကဘဲ ပြုတ်ထွက်သွားသလား မရေရာတဲ့ခံစားချက်တွေက ရင်ထဲမှာပြည့်ကြပ်လို့
သူမ မရှိတော့ဘူးတဲ့ ချစ်ရတဲ့ babeလေး မရှိတော့ဘူးတဲ့
"မဟုတ်ဘူး အဲ့လိုမဖြစ်ရဘူး"
နားနှစ်ဖက်ကိုပိတ်လို့ ခေါင်းကိုအတွင်တွင် ခါရမ်းလိုက်ပေမဲ့
Babe ထွက်သွားတော့မယ်ဆိုတဲ့ စကားသံလေးက နားထဲမှာရစ်ဝဲနေလို့
babeကဘာလို့သေရမှာလည်း နောက်ဆုံးအကြိမ် နှုတ်ဆက်ခဲ့တုန်းကတောင်မှ သူမ ပြုံးရယ်နေခဲ့သေးတာလေ
မျက်လုံးတွေကိုမှိတ်ချလိုက်တော့ သူမ အပြုံးလေးက အမြင်အာရုံထဲမှာအခုချိန်ထိ တောက်ပနေတုန်းဘဲ
မယုံဘူး ကျမ မယုံဘူး
"သူမ သူမ အခု ဘယ်မှာလည်း"
လူတစ်ကိုယ်လုံးတုန်ယင်နေကာ ထွက်ပေါ်လာတဲ့ စကားသံတွေကလဲ ကတုန်ကယင်နဲ့
"အဟက် နင်က အခုမှဘာသွားလုပ်မလို့လည်း နင်သွားလည်း သူမ အသက်ကိုမမှီတော့ဘူး"
YOU ARE READING
စွန် (Completed)
Fanfictionစွန်လေးတစ်ခု လေထဲမှာလှပစွာပျံသန်းနေနိုင်ဖို့ဆိုရင် သူ့ကိုထိန်းချုပ်ထားနိုင်တဲ့ ကြိုးလေးတစ်ချောင်းတော့ရှိနေဖို့လိုအပ်တယ် အကယ်၍များကြိုးလေးသာပြတ်တောက်သွားခဲ့ရင်...... စွန်လေးဘဝဟာ မတွေးရဲစရာပါ......