စွန် 🖤 15 🖤

893 98 8
                                    

"lili ဘာတွေတွေးနေတာလဲ"

နောက်ကျောဘက်ကနွေးထွေးသွားမှုနဲ့အတူ ကြားလိုက်ရတဲ့စကားသံလေး

ဖုန်းပြောပြီးအထဲမဝင်သေးဘဲ ဝရံတာမှာအတွေးလွန်နေမိတဲ့ ကျမ ကို‌အနောက်ကနေပွေ့ဖက်ရင်း မေးလာတဲ့ သူမ

ဗိုက်ပေါ်က သူမ လက်ကလေးပေါ်အုပ်မိုးကိုင်လိုက်ရင်း

"ကိုယ်လား ဘာတွေးရမှာလဲ babeနဲ့အနာဂါတ်အကြောင်းတွေးနေတာ"

ဒီလိုပြောလိုက်တော့ သူမ ပါးလေးမို့တက်သွားတာကို ခံစားလိုက်ရတယ်

"Babe တို့ဘယ်တော့လောက် လက်ထပ်ကြမလဲဟင်"

"Babeကလပ်ထပ်ချင်ပြီလား"

"အင်း အမြန်ဆုံးလက်ထပ်ချင်တယ် liliအနားမှာအမြဲတမ်းရှိနေချင်ပြီ liliရင်ခွင်နဲ့ခဏလေးဝေးနေရရင်တောင် babeမှာလွမ်းရလွန်းလို့"

ကိုယ့် ခါးကိုပိုမိုတင်းကြပ်စွာတိုးဖက်လိုက်ပြီး ကပ်ချွဲနေတဲ့ ကောင်မလေးကြောင့် နှလုံးသားကတဆက်ဆက်တုန်လာရသည်

ကိုယ့် အပေါ်ထားတဲ့ မင်းရဲ့အချစ်တွေ ဘယ်လောက်တောင်ကြီးမားလိုက်သလဲဆိုတာ ကိုယ် ခံစားမိတယ် babe

ကိုယ့် အနားမှာမင်းရှိနေတယ် ဆိုတဲ့အသိက အရာရာကိုရင်ဆိုင်နိုင်ဖို့အတွက် လုံလောက်တဲ့ အားအင်တစ်ခုဖြစ်စေတယ်

"ကိုယ် လဲအတူတူပါဘဲ ကိုယ့် ရင်ခွင်နဲ့ဝေးတဲ့နေရာမှာ မင်းလေးကို တစ်စက္ကန့်လေးတောင်ထားချင်တာမဟုတ်ဘူး"

"ဒါဆို လက်ထပ်ကြရအောင်နော်"

ခါးပေါ်က သူမ လက်ကလေးတွေကိုအသာဖြုတ်လိုက်ပြီး သူမ နဲ့မျက်နှာချင်းဆိုင်ဖြစ်စေလိုက်တယ်

သူမ လက်ကလေးကိုအသာဆွဲယူလို့ မျက်လုံးချင်းဆုံစေတယ် ပြီးတော့ ပြောလိုက်တယ်

"ကိုယ့် ကိုနည်းနည်းလောက်အချိန်ပေးလို့ရမလား babeနဲ့အမြန်ဆုံးလက်ထပ်နိုင်အောင်ကြိုးစားပါ့မယ် ကိုယ် အခုလိုပြောရတာက babeနဲ့လက်မထပ်ချင်လို့မဟုတ်ဘူးနော် ကိုယ်."

ဆက်ပြောမဲ့စကားလုံးတွေက နှုတ်ခမ်းပေါ်ကျရောက်လာတဲ့ သူမ လက်ညိုးလေးကြောင့်  လည်ချောင်းထဲမှာတင် ပျောက်ရှသွားခဲ့ရသည်

စွန် (Completed)Where stories live. Discover now