လက်တစ်ဖက်ကနာကျင်မှုနဲ့အတူ ကျမ နိုးထလာခဲ့တယ်
ခေါင်းကိုအနည်းငယ်စောင်းကာကြည့်လိုက်တော့ လက်မှာဆေးပိုက်တန်းလန်းဖြစ်နေတာကိုတွေ့ရတယ်
ကျမ ဘယ်ကိုရောက်နေတာလည်း ကျမနောက်ဆုံးရှိခဲ့တဲ့နေရာက သူနဲ့တွေ့ခဲ့တဲ့နေရာ
သူ သူဆိုမှ သူ ကျမ ကိုထားသွားပြီ
ပါးပြင်ပေါ်မှာပူနွေးစိုစွတ်နေတဲ့အထိတွေ့ကိုခံစားလိုက်ရတယ် မျက်ရည်ကျလာပြန်ပြီဘဲ
"Jen သတိရလာပြီလား"
တံခါးဖွင့်ကာဝင်လာတဲ့ Sooက အနားကိုပြေးလာကာမေးလိုက်ခြင်းဖြစ်သည်
"နင်ငိုနေပြန်ပြီလား"
ပါးပြင်ကမျက်ရည်စေတွကိုလက်နဲ့အသာသုတ်ပေးရင်းသူမ ပြောလာတယ်
"ငါဒီကိုဘယ်လိုရောက်လာတာလည်း"
စကားပြောဖို့မနည်းအားယူလိုက်ရတယ် ကျမ ခန္ဓာကိုယ်ကအခုချိန်ထိအလုပ်မလုပ်ချင်သေးဘူးနဲ့တူပါရဲ့
"လူစိတ်မရှိတဲ့သူက ပစ်ထားခဲ့မှတော့ နင့်သူငယ်ချင်းဖြစ်တဲ့ငါကခေါ်လာရတာပေါ့ ငါဘယ်လောက်တောင်ထိတ်လန့်သွားလဲနင်သိရဲ့လား ငါပြန်လာတော့နင်ကမရှိတော့ဘူး နင်ရှိနိုင်မဲ့နေရာတွေလိုက်ရှာရင်း နောက်ဆုံးအဲ့နေရာမှာ နင်လဲကျနေတာတွေ့ရတာဘဲ ဘာလို့ဒီလောက်ထိ..
ဝမ်းနည်းလွန်းလို့ ကျမ ဆက်မပြောနိုင်ခဲ့ဘူး ကျမအသံကတစ်ဖြည်းဖြည်းတိမ်ဝင်ကာပြောက်ဆုံးသွားတယ်
"သူ ငါ့ကို ထားသွားပြီ Soo ငါဘယ်လိုလုပ်ရမှာလည်း"
ကျမ ကသူမ အတွက်ဝမ်းနည်းနေပေမဲ့ သူမ ကတော့မကောင်းတဲ့လူတစ်ယောက်အတွက်နဲ့ အခုထိငိုလို့ကောင်းနေတုန်း
ငါနင့်ကိုဘယ်လိုလုပ်ပေးရမှန်းတောင်မသိတော့ဘူး jenရယ်
"အဲ့မကောင်းတဲ့ကောင်အကြောင်းထပ်မပြောနဲ့တော့ နင် သတိမေ့နေတာ သုံးရက်တောင်ရှိသွား ပြီ သိရဲ့လားနင်ဆေးရုံတက်ရကတည်းက ငါသူ့ကိုဆက်သွယ်ခဲ့ပေမဲ့ နင်သိပ်ချစ်ရပါတယ်ဆိုတဲ့လူကတစ်ရက်လေးတောင်လာမကြည့်ခဲ့ဘူး အဲ့လိုလူကို နင်ကအခုထိတမ်းတနေသေးတာလား"
YOU ARE READING
စွန် (Completed)
Fanfictionစွန်လေးတစ်ခု လေထဲမှာလှပစွာပျံသန်းနေနိုင်ဖို့ဆိုရင် သူ့ကိုထိန်းချုပ်ထားနိုင်တဲ့ ကြိုးလေးတစ်ချောင်းတော့ရှိနေဖို့လိုအပ်တယ် အကယ်၍များကြိုးလေးသာပြတ်တောက်သွားခဲ့ရင်...... စွန်လေးဘဝဟာ မတွေးရဲစရာပါ......