မနက်မိုးလင်းလို့ မျက်လုံးနှစ်လုံးစတင်ဖွင့်လိုက်တဲ့ အချိန်ကစပြီး စိတ်တွေပျော်ရွှင်နေတာမရပ်တော့ဘူး
ဘာလို့ဆို ဒီနေ့ညနေမှာ ကျမ တောင့်တနေရတဲ့ ဘဝတစ်ခုကိုပိုင်ဆိုင်ရတော့မှာမို့လေ
"သမီး ဘာတွေပြုံးနေတာလဲ ပြောစမ်းပါအုံး momကို"
ဟုတ်သားမနက်စာစားနေတာကိုမေ့ပြီး ကိုယ့်အတွေးနဲ့ကိုယ်ပြုံးနေမိတာ momဆီကအသံကြားမှ အသိပြန်ဝင်တော့တယ်
"အမ် ဘာမှ မဟုတ်ပါဘူး momရဲ့ ဒီနေ့ သင်တန်းပြီးရင်အိမ်မလာဘူးနော် Sooနဲ့လျှောက်လည်အုံးမှာ အိမ်ပြန်နောက်ကျမယ် ဆိုတာ ကြိုပြောပြထားတာ ဟီးဟီး"
ကျမ မျက်နှာချိုသွေးကာပြောလိုက်တော့ momယုံသွားတယ်ထင်ပါ့
"အေးပါကွယ်"
"ဒါနဲ့ dadရောမတွေ့ပါလား"
"သမီး dadကအစည်းဝေးရှိလို့အစောကြီးသွားတယ်လေ"
"အော် ဟုတ်"
ထိုမျှသာပြောပြီး မနက်စာဆက်စားနေလိုက်တယ်
သမီး သူ့ကိုရွှေးချယ်လိုက်တဲ့အတွက် momနဲ့dadကိုတောင်းပန်ပါတယ် dadတို့ သမီး အတွက်တွေးပေးတာသိပေမဲ့ သူနဲ့မခွဲနိုင်လို့ ဒီလိုဆုံးဖြတ်လိုက်ရတာပါ အဲ့အတွက် တကယ်ကိုတောင်းပန်ပါတယ်
"Mom ဒါဆိုသမီးသွားတော့မယ်နော် မွ"
"အေးအေးသမီးလေး"
Momကိုပြုံးပြနှုတ်ဆက်ပြီး ထွက်လာခဲ့လိုက်တယ် နောက်ပြီး momမျက်နှာကိုလည်းအဝကြည့်ခဲ့လိုက်တယ် နောက်ဘယ်အချိန်ကြမှ ပြန်တွေ့ရမလဲမသေချာတာမို့
ဒီနေ့တော့ Sooကိုလာမကြိုခိုင်းတော့ဘဲ ကိုယ့်ဘာသာ ကားနဲ့သင်တန်းကိုသွားလိုက်တော့တယ်
♥️
"Chae အခြေနေဘယ်လိုလဲ"
"အားလုံး okayတယ် ဒီမှာ လေယာဉ်လက်မှတ်"
"အင်း ဖြစ်နိုင်ရင်နင်ရောတစ်ခါတည်းလိုက်ခဲ့ပါလား"
"ငါ့အတွက်စိတ်မပူပါနဲ့ နင်တို့သာ ဂရုစိုက်သွားဟုတ်ပြီလား နင်တို့သွားတဲ့အချိန် ဒီကအခြေနေကိုငါစောင့်ကြည့်ရအုံးမယ်လေ"
YOU ARE READING
စွန် (Completed)
أدب الهواةစွန်လေးတစ်ခု လေထဲမှာလှပစွာပျံသန်းနေနိုင်ဖို့ဆိုရင် သူ့ကိုထိန်းချုပ်ထားနိုင်တဲ့ ကြိုးလေးတစ်ချောင်းတော့ရှိနေဖို့လိုအပ်တယ် အကယ်၍များကြိုးလေးသာပြတ်တောက်သွားခဲ့ရင်...... စွန်လေးဘဝဟာ မတွေးရဲစရာပါ......