"lili"
မလိမ်ပါဘူး သူ့ကိုတွေ့လိုက်ရတော့ ရင်တွေနာကျင်နေတဲ့ ကြားက ပြုံးလိုက်မိသေးတယ်
ကျမ ရှေ့မှာရပ်နေတဲ့သူက ဒီနေ့မှဘာလို့ပိုပြီးကြည့်ကောင်းနေရတာလည်း ကျမ အကြည့်တွေကို သူ့ဆီကနေရုန်းမထွက်နိုင်လောက်အောင်ဖြစ်ရတယ် သူ့ကိုလွမ်းလွန်းလို့ ပြေးကာဖက်ထားလိုက်တယ်
ဒါကမသင့်တော်ဘူးဆိုတာသိပေမဲ့ နှလုံးသားရဲ့အလိုဆန္ဒကိုဦးနှောက်က မငြင်းပယ်နိုင်ခဲ့ဘူး
"လာတွေ့ပေးလို့ ကျေးဇူးတင်ပါတယ်"
သူ့ ရင်ခွင်ထဲတိုးဝှေ့ကာ ပြောလိုက်တယ် ချစ်ရတဲ့liliကတော့ ကျမ ကိုပြန်လည်ထွေးဖက်ပေးခြင်းမရှိခဲ့ပါဘူး
မဖြစ်နိုင်မှန်းသိပေမဲ့ သူ့ဆီကပွေ့ဖက်ပေးမှုေလးကို ကျမ အရမ်းလိုအပ်နေတာအမှန်ပါ
"မင်း ဒီကိုဘာလာလုပ်တာလည်း"
ကျမ ကိုရင်ခွင်ထဲက ဆွဲထုတ်ကာ အေးစက်စက်စကားလုံးတွေနဲ့မေးလာတဲ့ သူ
စိတ်ကို ဘယ်လိုဘဲပြင်ဆင်ခဲ့ပြင်ဆင်ခဲ့ သူ့ရဲ့အေးစက်တဲ့လေသံနဲ့ အသက်မပါတဲ့အကြည့်တွေကြားမှာ မျက်ဝန်းအိမ်မှ မျက်ရည်မိုးတွေ ပါးပြင်ပေါ်ကိုကြွေခခဲ့ရပြန်တယ်
သူမ ဆီကိုလာဖို့ ရှိသမျှအင်အားတွေစုစည်းပြီး စိတ်ကိုမနည်းပြင်ဆင်ခဲ့ရတာ
ဘာကြောင့်မှန်းမသိ အခုသွားမတွေ့ရင် နောင်တရလိမ့်မယ်လို့စိတ်ထဲကေန အလိုလိုခံစားနေရလို့ သူမ ဆီကိုရောက်လာခဲ့ခြင်းဖြစ်တယ်
ညိုးဖျော့နေတဲ့ သူမ မျက်ဝန်းအိမ်လေးတွေက ကိုယ့် ကိုတွေ့တာနဲ့ တောက်ပပြီးပြုံးရွှင်သွားတတ်တာ အရင်တိုင်းမပြောင်းလဲသေးပါလား
ရုတ်တရက် သူမ ဆီကပွေ့ဖက်ခံလိုက်ရမှုကြောင့် နှလုံးအိမ်ကမငြိမ်မသက်နဲ့ လှုပ်လှုပ်ရှားရှားဖြစ်သွားလို့ မနည်းပြန်ထိန်းယူနေရတယ်
ရင်ခွင်ထဲက သူမ လေးကိုတင်းကြပ်နေအောင်ပွေ့ဖက်ထားချင်လိုက်တာ လက်ကိုယားနေတာဘဲ ပြန်ပွေ့ဖက်လုနီးနီးမှာ ဦးနှောက်က မလုပ်နဲ့ဆိုပြီး သတိပေးလာတာကြောင့် လက်ကို မနည်းပြန်ရုတ်သိမ်းလိုက်ရတာ ရင်နာလိုက်တာ
YOU ARE READING
စွန် (Completed)
Fanfictionစွန်လေးတစ်ခု လေထဲမှာလှပစွာပျံသန်းနေနိုင်ဖို့ဆိုရင် သူ့ကိုထိန်းချုပ်ထားနိုင်တဲ့ ကြိုးလေးတစ်ချောင်းတော့ရှိနေဖို့လိုအပ်တယ် အကယ်၍များကြိုးလေးသာပြတ်တောက်သွားခဲ့ရင်...... စွန်လေးဘဝဟာ မတွေးရဲစရာပါ......