ရှင် အနားမှာမရှိတဲ့ ညကအရမ်းမှောင်မိုက်ပြီး အထီးကျန်ဆန်ဖို့ကောင်းလိုက်တာ
ဝရံတာဘက်မှာ လေညှင်းခံရင်း ပြန်မလာသေးတဲ့ သူ့ကိုတမ်းတနေမိတယ်
သူ့အကြောင်းတွေးနေရင်းမှာဘဲ အနောက်ဘက် ကျောပြင်ဆီကနွေးထွေးသွားမှုနဲ့အတူ
"တောင်းပန်ပါတယ်"
ဆိုတဲ့ စကားသံလေးကို ကြားလိုက်ရချိန် ကျမ နှလုံးသားလေး မြူးတူးပျော်ရွှင်စွာ ကခုန်သွားတာကို မညာတမ်းဝင်ခံပါတယ်
ကျမ ခါးပေါ်က သူ့လက်လေးကိုအုပ်မိုးကိုင်လိုက်ပြီး ဘာစကားမှမပြောဘဲ တိတ်ဆိတ်နေမိတယ် ဒီအချိန်ပြောလိုက်ရင် ကျမ အသံကတုန်ယင်ပြီး ငိုသံပေါက်နေမှာအသေချာမို့
"တောင်းပန်ပါတယ်"
သူ ကျမ လည်တိုင်လေးကြား မျက်နှာတိုးအပ်ရင်း တောင်းပန်စကားပြောနေတယ်
ပြီးတော့ သူ ငိုနေတယ်ထင်တယ် သူ့မျက်ရည်စတွေက ကျမ လည်တိုင်မှာ စိုရွှဲလို့
သူ နဲ့မျက်နှာချင်းဆိုင်ဖြစ်ေအာင်လှည့်လိုက်ပြီး လက်နှစ်ဖက်နဲ့ သူ့ ပါးလေးတွေကိုအုပ်မိုးကိုင်ထားလိုက်တယ်
သူ့ မျက်ရည်တွေကိုမြင်ရတာနာကျင်လိုက်တာ
"ဘာ လို့ငိုနေတာလဲ"
ပါးပေါ်ကမျက်ရည်စီးေကြာင်းလေးတွေကို လက်မနဲ့အသာသုတ်ပေးရင်း တိုးဖြော့စွာမေးလိုက်တယ်
ပျော်ရွှင်နေတဲ့ သူ့မျက်နှာလေးကိုဘဲမြင်ချင်တာလေ အခုလိုမျက်ရည်စက်တွေနဲ့ သူ့ကိုမြင်ချင်တာမှမဟုတ်ဘဲ
"တောင်းပန်ပါတယ်"
သူ ထပ်ပြီးတောင်းပန်စကားဘဲပြောလာတယ်
"မငိုပါနဲ့ lili ငိုတော့ babe လဲငိုချင်တာပေါ့"
ကျမ အသံကတစ်ချက်တစ်ချက်တိမ်ဝင်သွားတယ် ငိုသံမပါအောင်ထိန်းပြောလိုက်ပေမဲ့လည်း မအောင်မြင်ခဲ့ပါဘူး
ကျမ မျက်ရည်တွေ စီးကျလာတယ် ထင်ပါ့ သူ့လက်ချောင်းရှည်ရှည်လေးတွေ ကျမ ပါးပေါ်ထိတွေ့လို့လာတယ်
YOU ARE READING
စွန် (Completed)
Fanfictionစွန်လေးတစ်ခု လေထဲမှာလှပစွာပျံသန်းနေနိုင်ဖို့ဆိုရင် သူ့ကိုထိန်းချုပ်ထားနိုင်တဲ့ ကြိုးလေးတစ်ချောင်းတော့ရှိနေဖို့လိုအပ်တယ် အကယ်၍များကြိုးလေးသာပြတ်တောက်သွားခဲ့ရင်...... စွန်လေးဘဝဟာ မတွေးရဲစရာပါ......