"ဒီနေ့အတွက် ကျေးဇူးအများကြီးတင်ပါတယ် ကိုယ် အများကြီးပျော်ခဲ့ရတယ်"
"ကျမ ကသာကျေးဇူးတင်ရမှာပါ ဒီဝက်ဝံရုပ်လေးကို ရခဲ့လို့လေ"
လက်ထဲကဝက်ဝံရုပ်လေးကို မြှောက်ပြရင်း ပြောလာတဲ့ သူမ ကချစ်မွှေးလေး
"ဟုတ်ပါပြီ နောက်ကျနေပြီ အိမ်ထဲဝင်တော့နော် ဒါနဲ့ ကိုယ်တစ်ခုလောက်မေးချင်လို့"
"တစ်ခုမကဘူး ကြိုက်သလောက်မေးလို့ရတယ် ကျေးဇူးတင်တဲ့အနေနဲ့အကုန်ဖြေပေးမယ်"
"ရပါတယ် တစ်ခုဘဲမေးချင်တာ ဟိုလေ မင်းမှာ ရည်းစားဘာညာများရှိလားလို့"
"မရှိပါဘူး ဘာလို့လဲ"
"အမ် ဘာမှမလို့ဘူးမေးကြည့်တာ မင်းကအရမ်းလှတော့လေ အဲ့တာသိချင်လို့"
"ရှင်ကတော့မြှောက်နေပြန်ပါပြီ ဒါနဲ့ ရှင့်မှာကော ရှိလား"
မေးသာ မေးလိုက်ရတာ ကြောက်နေမိတာတော့အမှန် သူ့ နှုတ်ခမ်းကထွက်ကျလာမဲ့အဖြေကို ကျမ ရင်ခုန်စွာစောင့်နေမိတယ်
"ကိုယ် တစ်ခါမှ ရည်းစားမထားဖူးဘူး"
မလိမ်ပါဘူး ကျမ နှလုံးသားလေး သူ့စကားသံစဉ်တွေကြားမှာ ကခုန်သွားတယ်ဆိုတာ
"မယုံပါဘူး မနက်ကတောင် ရှင့်ကောင်မလေးစိတ်ကောက်နေလို့ချော့နေသေးတယ်မလား"
"ဟမ် နေးဦး မင်း barကအကြောင်းကိုပြောနေတာလား"
"အာ့မပြောလို့ဘာပြောရမှာလဲ"
"ဟဟ မင်းကတော့လေ အဲ့တာ ကိုယ့် ကောင်မလေးမဟုတ်ပါဘူး သူ့ နာမည်က pack chae youngတဲ့ ကို့ရဲ့တစ်ဦးတည်းသောသူငယ်ချင်းလေ နောက်ရက်မှသေချာမိတ်ဆက်ပေးအုံးမယ် အဲ့တုန်းက သူစိတ်ကောက်နေတာတော့ဟုတ်တယ် ကိုယ်ချော့နေတာတော့မဟုတ်ဘူး ကိုယ် ချော့ဖူးတာဆိုလို့ မင်း ဘဲရှိတာ"
"အမ် ကျမ အိမ်ထဲဝင်တော့မယ်နော်"
"ဟေ့ နေဦးလေ ဟာ"
ရှက်သွားတာလား
အိမ်ထဲပြေးဝင်သွားတဲ့ ကောင်မလေးကိုကြည့်ပြီး ပြုံးရင်းသာ ခေါင်းခါနေမိတော့တယ်
YOU ARE READING
စွန် (Completed)
Fanfictionစွန်လေးတစ်ခု လေထဲမှာလှပစွာပျံသန်းနေနိုင်ဖို့ဆိုရင် သူ့ကိုထိန်းချုပ်ထားနိုင်တဲ့ ကြိုးလေးတစ်ချောင်းတော့ရှိနေဖို့လိုအပ်တယ် အကယ်၍များကြိုးလေးသာပြတ်တောက်သွားခဲ့ရင်...... စွန်လေးဘဝဟာ မတွေးရဲစရာပါ......