"hey long time no see"
ရုံးခန်းထဲဝင် ဝင်ခြင်း ချယ်ယောင်း စတင်နှုတ်ဆက်လာခြင်းဖြစ်သည်
"Omm"
ခေါင်းတစ်ချက်ငြိမ့်လို့အသိမှတ်ပြုလိုက်ပြီး
"အန်ကယ် ဆေးရုံတင်ထားရတယ်"
ကျမ သူ့ကိုပြောလိုက်တော့ သူအံ့ဩသွားတာတွေ့တယ်
"Oh!ဟုတ်လား ဘယ်တုန်းကလည်း ငါမသိရပါလား"
"အင်းမသိဆိုဘယ်သူ့မှအသိမပေးလို့ မနေ့ကပါ စိုးရိမ်စရာမရှိပါဘူး နင်အားတဲ့အချိန် သွားလိုက်အုံး"
"အေးပါ ဒါနဲ့ အခြေနေဘယ်လိုရှိလဲ"
"ဘာကိုလဲ"
"နင့် babeနဲ့အခြေနေကိုမေးတာလေ အဆင်ပြေလားလို့"
ချယ် မေးလာတဲ့စကားကြောင့် လုပ်လက်စအလုပ်တွေကို ခဏနားလိုက်ပြီး စားပွဲခုံကို လက်နဲ့အသာတောက်ရင်း
"အင်း အဆင်ပြေပါတယ်ပေါ့ ဒါမဲ့ ငါတို့ကြားမှာ အဆင်မပြေမှုတွေရှိနေတယ်လို့ ငါခံစားနေရတယ် အဲ့တာကဘာလဲဆိုတာတော့ ငါမသိဘူး"
"နင့်စကားကြီးက ဘယ်လိုကြီးလဲ"
ချယ်ယောင်း ကဆေးလိပ်ကို တစ်ချက်ဖွာရင်းမေးလာတယ်
"ဒါကနားလည်ရခက်တယ်ဆိုတာသိတယ် အခုချိန်မှာငါလဲ ဒါဘဲပြောနိုင်သေးတယ်"
"သူမ နဲ့စကားပြောကြည့်သင့်တယ်လို့ငါထင်တယ်"
"အင်း ငါကြိုးစားကြည့်ပါ့မယ် ငါသိချင်တာက သူမ ကငါနဲ့ပတ်သက်ပြီးဘာကိုမှမေးမြန်းခြင်းမရှိတာဘဲ အဲ့တာဘာကြောင့်လဲဆိုတာ နင်သိလား"
"သေချာမသိပေမဲ့ သူမ ကနင့်အကြောင်းကိုစိတ်မဝင်စားလို့နေမှာပေါ့ နင့်ကိုတကယ်မချစ်လို့များလား"
"မဟုတ်တာ သူမ ငါ့ကိုဘယ်လောက်ထိချစ်တယ်ဆိုတာ ငါသိတယ် ငါ့အကြောင်းကို မေးမြန်းခြင်းမရှိလို့ကျေးဇူးတင်ပေမဲ့ တစ်ခါလေတော့လဲ စိုးရိမ်မိပြန်တယ်"
"နင်တို့နှစ်ယောက်က ဘယ်လိုမျိုးလဲဆိုတော့ တစ်ယောက်ကိုတစ်ယောက်ချစ်ရယ်စမ်းနဲ့ ပွင့်လင်းမှုမရှိကြတာလို့ ခေါင်းစဉ်တပ်ရမလားဘဲ ဒါက ကြာရင်မကောင်းဘူးလို့ငါထင်တယ် ဘာဘဲဖြစ်ဖြစ် နင် သူမ ကိုဘာမှဖုံးကွယ်မထားတာကအကောင်းဆုံးဘဲ သူမ သာနင့်ကိုတကယ်ချစ်တယ်ဆိုရင် နင်ကဘယ်သူဘဲဖြစ်နေပါစေ ဘာတွေဘဲလုပ်လုပ် သူမ လက်ခံပေးရမှာပေါ့"
YOU ARE READING
စွန် (Completed)
Fanfictionစွန်လေးတစ်ခု လေထဲမှာလှပစွာပျံသန်းနေနိုင်ဖို့ဆိုရင် သူ့ကိုထိန်းချုပ်ထားနိုင်တဲ့ ကြိုးလေးတစ်ချောင်းတော့ရှိနေဖို့လိုအပ်တယ် အကယ်၍များကြိုးလေးသာပြတ်တောက်သွားခဲ့ရင်...... စွန်လေးဘဝဟာ မတွေးရဲစရာပါ......