Chapter 1

7K 260 7
                                    

နေရာတိုင်းမှာ သေနတ်သံတွေကြားနေရတယ်။ အသက်ရှင်ကျန်နေသေးတဲ့သူတွေကို အမိန့်ပေးသံတွေ၊ ဒါဏ်ရာရနေတဲ့သူတွေဆီက ညည်းတွားသံတွေ ကြားနေရပြီး နောက်ထပ်ကျည်ဆံတွေ သူတို့မျက်လုံးကြားက ဖောက်ထွက်သွားတာတွေကိုတွေ့နေရတယ်။

Lisa တို့ သတိထားချဉ်းကပ်လာခဲ့တယ်။ သူ့နောက်က အထူးအေးဂျင့်နှစ်ယောက်ကို သူ့လက်ထောင်ပြလိုက်ပြီး Lisa အချက်ပြလိုက်တယ်။ နံရံနောက်ကိုချောင်းကြည့်လိုက်တော့ သူတို့ပစ်မှတ်ကိုဘေးနားကလူခြောက်ယောက် စောင့်ကြပ် ထားတာကိုတွေ့ရတယ်။ သူတို့က ဖြစ်နိုင်တဲ့အန္တရာယ်ဖြစ်လာနိုင်မယ့်နေရာတိုင်းကို သေနတ်တွေနဲ့ချိန်ထားကြတာကို တွေ့ရတယ်။ Lisa နံရံနောက်ကအခြေအနေကို တခြားအေးဂျင့်ကိုအချက်ပြလိုက်ပြီး မီးခိုးဗုံးသုံးဖို့အချက်ပြလိုက်တယ်။ အေးဂျင့်က ခေါင်းညိမ့်ပြလိုက်ပြီး မီးခုံးဗုံးကိုစနစ်တံဖြုတ်ပြီး နံရံနောက်က အခန်းထဲကို ပစ်လိုက်တယ်။

မီးခိုးဗုံးကိုမြင်တော့ ကြေးစားအစောင့်တွေက Lisa တို့ရောက်နေတာ သတိထားမိသွားကြတယ်။

"သူတို့ဒီရောက်နေကြပြီ" အခန်းထဲကတစ်ယောက်ယောက်အော်ဟစ်လိုက်တာကိုကြားလိုက်ရပြီး အခြားတစ်ယောက် က "သူတို့ကိုအကုန်သတ်ပစ်၊ ဒီအခန်းထဲဝင်လာတဲ့ တစ်ယောက်မကျန်အကုန်သတ်ပစ်" လို့အော်လိုက်သံကြားလိုက်ရ တယ်။ ပြီးတော့ ကြေးစားတွေရဲ့ သေနတ်ပစ်သံတွေကြားလိုက်ရတယ်။

Lisa တို့အထူးအေးဂျင့်တွေ ဘာမှမလှုပ်ရှားသေးပဲ အပြင်ကနေ အချိန်ကောင်းစောင့်နေလိုက်တယ်။ Lisa သူတို့ဆီက "ကလစ်"ဆိုတဲ့အသံကြားလိုက်ရတော့ သူတို့ကျည်တွေကုန်သွားပြီဆိုတာ သိလိုက်ပြီး သူ့အဖွဲ့တွေကို "ဝင်ကြစို့"လို့ အော်ပြီးအမိန့်ပေးလိုက်တယ်။

သူတို့အခန်းထဲကိုဝင်ပြီး ပုံစံအတိုင်းနေရာယူလိုက်ကြတယ်။ ပြီးတော့ ဝင်လာတာ ဘယ်သူတို့ဆိုတာ အထဲကကြေးစား တွေ သတိမထားမိသေးခင် အကုန်ပစ်သတ်လိုက်ကြတယ်။ နောက်ဆုံး ကုလားထိုင်မှာ ကြိုးချည်ထားပြီး ခေါင်းကို အဝတ်နက်နဲ့ အုပ်ထားတဲ့ လူတစ်ယောက်သာ အခန်းအလယ်မှာ ကျန်နေခဲ့တယ်။

THE HEIRESS AND THE BODYGUARD (JENLISA) (Translation)Where stories live. Discover now