Chapter 27

2K 179 9
                                    

Lisa's Pov

ပါတီပြီးသွားတော့ Lisa ဆက်နေလိုက်ပြီး ထပ်သောက်နေလိုက်တယ်။ မြက်ခင်းပြင်မှာကနေကြတုန်းက ဘာတွေဖြစ် သွားတာလဲ ဆိုတဲ့အတွေးက ခေါင်းထဲရောက်နေခဲ့တယ်။

မင်းကိုယ့်ကိုပေးတဲ့အကြည့်ကဘာအဓိပ္ပာယ်လဲ Jennie? မင်းဘာလို့ကိုယ့်ကိုမတွန်းထုတ်တာလဲ? တစ်ကယ်လို့ သီချင်း သာမရပ်သွားရင် ကိုယ်မင်းကိုနမ်းဖို့မင်းခွင့်ပြုမှာလား?

Lisa တို့တစ်ယောက်နဲ့တစ်ယောက်ဝေးသွားသလို Lisa ခံစားနေရတယ်။ သူမပြောမယ်လုပ်ပြီး မပြောတဲ့အကြောင်း ကိုလဲ သိချင်နေတယ်။

Lisa သောက်လက်စခွက်ကိုချလိုက်ပြီး အိမ်ပြန်ဖို့ပြင်လိုက်တယ်။ ဒီညအတွက် ဘာအဖြေမှမရခဲ့တော့ ညတာရှည်အုံးမယ့် ညတစ်ညပဲ။

Lisa ကားဆီလျှောက်သွားလိုက်ပြီး တိုက်ခန်းကိုပြန်လာလိုက်တယ်။ Lisa အခန်းတံခါးဖွင့်ဖို့လုပ်နေတော့ ဓာတ်လှေကား ပွင့်လာတာကိုကြားလိုက်ရတယ်။

ဒီတစ်ထပ်လုံးမှာ Lisa နဲ့ Jennie နှစ်ယောက်ပဲနေတယ်။ အဲ့ဒါကြောင့် ဓာတ်လှေကားပွင့်လာတာ တစ်ဉီးတည်းပဲဖြစ် နိုင်တယ်။

"Jennie" သူမဓာတ်လှေကားထဲကထွက်လာတော့ Lisa နူးနူးညံ့ညံ့လေးခေါ်လိုက်တယ်။

သူမရပ်လိုက်တယ်။ ပြီးတော့ သူမအခန်းတံခါးဆီဆက်သွားလိုက်တယ်။

"ရှင်ရောအခုမှအခန်းပြန်ရောက်တာလား" သူမမေးလိုက်တာကိုကြားရတယ်။

"အင်း ကိုယ်ပါတီပြီးတော့ နည်းနည်းထပ်သောက်နေသေးတယ်" Lisa ဖြေလိုက်တယ်။

"Hmm" သူမဒီတစ်လုံးပဲပြောလိုက်တယ်။

"So hmm Good night Jennie"Lisa ပြောပြီးအခန်းထဲဝင်မယ်လုပ်တော့ သူမတားလိုက်တယ်။

"ရှင်အခန်းထဲလိုက်ဝင်ချင်သေးလား။ တစ်ခုခုပြောတာဖြစ်ဖြစ် ဘာဖြစ်ဖြစ်ပေါ့" သူမရုတ်တရက်ပြောလိုက်တယ်။

သူမကိုငြင်းရအောင် ကိုယ်ကဘယ်သူမို့လို့လဲ။

"အင်း" Lisa ပြောပြီးတံခါးပြန်ပိတ်လိုက်တယ်။

Lisa သူမအခန်းထဲရောက်တော့ သူမတံခါးပြန်ပိတ်လိုက်တယ်။

သူမဆိုဖာပေါ်ထိုင်လိုက်ပြီး Lisa လဲသူမနဲ့မျက်နှာချင်းဆိုင် ဆိုဖာပေါ်ထိုင်လိုက်တယ်။

THE HEIRESS AND THE BODYGUARD (JENLISA) (Translation)Where stories live. Discover now