Chapter 4

1.9K 192 1
                                    

Jennie Pov

ကျယ်လောင်တဲ့သီချင်းသံတွေ မီးရောင်စုံတွေကြားထဲ မသိတဲ့သူတွေရော တချို့လဲသိတဲ့သူတွေနဲ့ ခန္ဓာကိုယ်ချင်း ပွတ်ဆွဲပြီးကနေကြတာတွေ တစ်ယောက်နဲ့တစ်ယောက်ထိတွေ့နေကြတာတွေ ဒါတွေက ဘဝပဲ။ ကျွန်မ သူငယ်ချင်းတွေ ပြောတော ဒါဘဝပဲတဲ့။

ဒီနေ့လည်က အဖေနဲ့ငြင်းခုံခဲ့တာတွေကို မေ့ထားလိုက်ချင်တယ်။ ညစာစားပြီးတဲ့နောက်မှာ အမေ့ကို သူငယ်ချင်းတွေနဲ့ Friday night အပြင်သွားမယ်လို့ခွင့်တောင်းတော့ သူမခွင့်ပြုခဲ့တယ်။ ဒါ့ပေမယ့် ဒီလိုနေရာကိုလာမယ်လို့တော့ သူမ မသိဘူးပေါ့။

ကျွန်မအကုန်မေ့ထားလိုက်ပြီး ခန္ဓာကိုယ်ကိုသီချင်းသံနဲ့စည်းချက်ကျကျလှုပ်ရမ်းရင်းကနေမိတယ်။ တစ်ယောက်ယောက် ကျွန်မကိုကြည့်နေသလိုမျိုးကြီးခံစားလိုက်ရတယ်။ ဒါဘယ်လိုခံစားချက်ကြီးမျိုးပါလိမ့်။ မင်းတို့ရော ဒီလိုမျိုးခံစားမိကြဖူးလား? လည်ဂုတ်ပေါ်ကအမွှေးနုလေးတွေက တစ်ယောက်ယောက်ကိုယ့်ကို ကြည့်နေတယ်လို့ အချက်ပြနေသလိုပဲ။ ကျွန်မကနေရင်း ပတ်ပတ်လည်ကို တစ်ယောက်ယောက်များတွေ့မလားလို့ စပ်စုမိတယ်။

ရုတ်တရက်လက်တစ်ဖက်က ကျွန်မခါးပေါ်တင်လိုက်တာကိုခံစားလိုက်ရပြီး ခန္ဓာကိုယ်တစ်ခုကျွန်မ နောက်ကျောဘက် မှာ လာထိတာကိုခံစားလိုက်ရတယ်။ ဘယ်သူကအတင့်ရဲပြီး ကျွန်မကိုဒီလိုလုပ်ရဲတာလဲဆိုပြီး ကျွန်မလှည့်ကြည့် လိုက်တယ်။ သူ့သားကောင်ကိုအမိဖမ်းမယ့် သားရဲတစ်ကောင်လိုအကြည့်မျိုးနဲ့ အရပ်ရှည်ရှည်လူတစ်ယောက်ကို တွေ့လိုက်ရတယ်။

"မင်းလိုလှပတဲ့မိန်းကလေးတစ်ယောက်က ဒီလိုနေရာမျိုးကို တစ်ယောက်တည်းလာတာလား" အဲ့ဒီလူက မေးလိုက်တယ်။

"Go away" ကျွန်မပြောပြီး သူ့ဘေးနားကနေထွက်သွားမယ်လုပ်တော့ ကျွန်မလက်‌မောင်းကို အဲ့ဒီလူဖမ်းဆွဲလိုက်တယ်။

"အိုး လာပါဘေဘီလေး မင်းအကြိုက်ဘာလဲဆိုတာ ကိုယ်သိပါတယ်။ မင်းဘာလို့ဒီလိုနေရာကို လာရတယ်ဆိုတာလဲ ကိုယ်သိပါတယ်။ ကိုယ်တို့နှစ်ယောက်လုံးဘာလိုနေတယ်ဆိုတာသိကြပါတယ်။ ဟုတ်တယ်မလား" အဲ့ဒီလူက ကျွန်မကိုခြေဆုံးခေါင်းဆုံးကြည့်လိုက်ပြီး ပြောလိုက်တယ်။ ကျွန်မသူ့ကိုအရမ်းရွံသွားပြီး ဒီနေရာကနေအမြန်ထွက်နိုင် ဖို့ပဲ တွေးလိုက်တော့တယ်။

THE HEIRESS AND THE BODYGUARD (JENLISA) (Translation)Where stories live. Discover now