Chapter 14

1.5K 181 12
                                    

Lisa's Pov

ဒီနေ့က Jennie Kim ရဲ့မွေးနေ့ဖြစ်ပြီး မနေ့ညနေကတည်းက ဒီနေ့ညပါတီအတွက် Kim စံအိမ်တစ်ခုလုံးအလုပ်ရှုပ်နေ ကြတယ်။

ပွဲစီစဉ်တဲ့သူက အဆက်မပြတ်အမိန့်ပေးနေပြီး တီးဝိုင်းအဖွဲ့ကသူတို့ တူရိယာတွေကို နေ့ရာချနေကြတယ်။ စားဖိုမှုးတွေ ကလဲ သူတို့ဟင်းပွဲတွေလုပ်ဖို့အလုပ်ရှုပ်နေကြတယ်။

ပါတီက ညနေ၆နာရီစမှာဖြစ်ပြီး အခုနေ့လည်၁နာရီကျော်လာပြီဖြစ်တယ်။ ဒီမနက်အစောပိုင်းတစ်ခါပဲ Jennie ကိုတွေ့လိုက်ရပြီး ခုထိ Lisa သူမကိုမတွေ့ရသေးဘူးဖြစ်နေတယ်။ ဒီညပါတီအတွက် ပြင်ဆင်ဖို့သူမအလုပ်ရှုပ်နေတာ ဖြစ်ရမယ်။ သူမ ဒီဇိုင်နာနဲ့မိတ်ကပ်ဆရာကို သူမအခန်းထဲဝင်လိုက်ထွက်လိုက်လုပ်နေတာကိုမြင်ရတယ်။

Lisa လဲ ဒီစံအိမ်ကိုစောင့်ကြည့်ရင်းအလုပ်ရှုပ်နေခဲ့တယ်။ စံအိမ်ဂိတ်အဝင်ဝကနေ အိမ်ထိအဝင်အထွက်ကို စောင့်ကြည့် ဖို့ တာဝန်ယူထားရတယ်။ ဖြစ်နိုင်ရင် အိမ်ထဲကိုဝင်လာကြတဲ့ လူတိုင်းကိုအသေးစိတ် Lisa ကိုယ်တိုင် စစ်ဆေးချင် ပေမယ့် Lisaသူ့လူတွေကိုယုံကြည်လိုက်တယ်။ အနည်းဆုံး သက်တော်စောင့်နှစ်ယောက်စီ Mr.Kim နဲ့ Mrs.Kim အတွက်ဒီညပြင်ဆင်ပေးထားခဲ့တယ်။ ပြီးတော့ သူတို့ကိုအဝေးကစောင့်ကြည့်ဖို့ လူအပိုထပ်ချလိုက်တယ်။ Jennie ကိုကာကွယ်ဖို့အနေနဲ့တော့ ထုံးစုံအတိုင်း Lisa နဲ့ Bam Bam ပါပဲ။

Lisa လက်ပတ်နာရီကိုကြည့်မိတော့ ညနေလေးနာရီထိုးနေပြီဆိုတာတွေ့လိုက်ရတယ်။ Lisa ဖုန်းကိုထုတ်ပြီး စာရိုက် လိုက်တယ်။

"ကိုယ်ဝင်လာခဲ့လို့ရလား" Lisa စာရိုက်ပြီးပို့လိုက်တယ်။

"အင်း" reply ပြန်လာခဲ့တယ်။

အဲ့ဒါကြောင့် Lisa သူမအိပ်ခန်းကိုလျှောက်သွားလိုက်ပြီး တံခါးလေးချက် ခေါက်လိုက်တယ်။

Lisa တံခါးဖွင့်လိုက်တော့ မိတ်ကပ်ပါးပါးလေးလိမ်းထားပြီး ဆံပင်အကောက်ကြီးကြီးကောက်ထားတဲ့‌ Jennie ကိုရေချိုးတဘက်ပဲ ပတ်ထားတာကိုတွေ့လိုက်ရတယ်။

"Lisa တစ်ခုခုပြဿနာဖြစ်လို့လား" Jennie မေးလိုက်တယ်။

"မဖြစ်ပါဘူး။ ကိုယ်စစ်ဆေးကြည့်ချင်လို့။ ဒီမှာ စစ်ဆေးလို့အဆင်ပြေလား" Lisa မေးလိုက်တယ်။

THE HEIRESS AND THE BODYGUARD (JENLISA) (Translation)Where stories live. Discover now