Chapter 38

3K 174 11
                                    

Jennie's Pov

ဒီလိုခံစားဖူးကြတယ်မလား။ မင်းကနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေတုန်း ပါးလေးကိုဖွဖွလေးထိထိပြီး နှောင့်ယှက်ခံနေရတာမျိုး။ ပြီးတော့ မင်းမျက်လုံးဖွင့်ပြီး ကိုယ့်ကိုနှောင့်ယှက်နေတဲ့သူကို အော်မလို့ပြင်လိုက်ပေမယ့် အရမ်းလှတဲ့မျက်ဝန်းတစ်စုံက မင်းကိုကြည့်နေမယ်။ ပြီးတော့ မင်းစိတ်ထဲနက်နက်ရှိုင်းရှိုင်းသိလိုက်ရတာက မင်းဘာမှထပ်မလိုချင်တော့ပဲ အဲ့ဒီမျက်ဝန်းတစ်စုံကမနက်ခင်းတိုင်း မင်းကိုနှိုးတာပဲလိုချင်တော့တာမျိုး ခံစားဖူးကြတယ်မလား။

"ဘယ်လိုနေလဲ" ကျွန်မဆံပင်လေးတွေကို ဆော့နေရင်း Lisa မေးလိုက်တယ်။

ကျွန်မ Lisa ကိုဖက်လိုက်ဖို့ လက်မောင်းနဲ့ ခြေထောက်ကိုရွေ့ဖို့ပြင်လိုက်ပေမယ့် တစ်ကိုယ်လုံးနာနေတာကို ခံစားလိုက်ရတယ်။

"Oh god..ကျွန်မနာကျင်နေတာပဲ။ ကောင်းကောင်းလမ်းလျှောက်နိုင်မယ်မထင်ဘူး" ကျွန်မရှုံ့မဲ့ပြောလိုက်တယ်။

Lisa ရယ်လိုက်သံကိုကြားလိုက်ရပြီး သူကျွန်မကျောလေးကိုညင်ညင်သာသာလေး ပွတ်ပေးလိုက်တယ်။

"Mission accomplished then" Lisa ပြောလိုက်ပြီး မထေ့တစ်ထေ့ပြုံးလိုက်တယ်။

ကျွန်မသူပြောတာနားမလည်လို့ ပြန်မေးမလို့လုပ်နေတုန်း မနေ့ညက အဖြစ်အပျက်ကိုပြန်မှတ်မိသွားတယ်။

မနေ့ညက ငါသူ့ကို လမ်းမလျှောက်နိုင်တဲ့ထိလုပ်ပေးဖို့ တောင်းပန်ခဲ့တာပဲ။

တစ်ကယ်လို့အရမ်းရှက်နေတဲ့အရောင်တွေသာ ကျွန်မခန္ဓာကိုယ်မှာပေါ်လာရင် ကျွန်မတစ်ကယ့်ကို ပုစွန်ထုတ်တစ်ကောင်လိုဖြစ်နေမှာ။

"ကျွန်မတို့ ဘယ်နှစ်ကြိမ်တောင်..." Lisa မထေ့တစ်ထေ့အပြုံးကိုမြင်လိုက်ရတော့ ကျွန်မမေ့မယ့် မေးခွန်းကိုဆက်မမေး နိုင်တော့ဘူး။ ကျွန်မဘာမေးချင်တယ်ဆိုတာ သူကောင်းကောင်းနားလည်နေတယ်။

"ကျွန်မတို့ဘာ" Lisa ကျွန်မကိုစနောက်တဲ့မျက်နှာနဲ့ပြန်မေးလိုက်တယ်။

"ကျွန်မပြောချင်တာ ရှင်သိပါတယ်" ကျွန်မပြောလိုက်ရင်း သူ့ကိုမကြည့်ရဲတော့လို့ သူ့ရင်ခွင်ထဲခေါင်းတိုးလိုက်တယ်။

THE HEIRESS AND THE BODYGUARD (JENLISA) (Translation)Where stories live. Discover now