Chapter 18

1.6K 168 1
                                    

Lisa's Pov

ဖုန်းချပြီးတဲ့နောက် Lisa ဖုန်းကိုအိတ်ထဲပြန်ထည့်လိုက်ပြီး လေယာဉ်ခုံမှာနောက်မှီထိုင်လိုက်တယ်။ ပြီးတော့ လေယာဉ် စီးနေတုန်း အိပ်ပျော်ဖို့ကြိုးစားလိုက်တယ်။

Lisa ထိုင်းသွားမှာ Jennie ကိုမပြောခဲ့တဲ့အတွက် သူမစိတ်ပျက်နေတယ်ဆိုတာ ဒီဖုန်းခေါ်သံက သက်သေပဲ။ ဒါပေမယ့် မျက်နှာချင်းဆိုင်သူမဒေါသကိုရင်ဆိုင်ရမှာထက်စာရင် ဒီဟာကတော့ပိုကောင်းတာပေါ့။ နှစ်ပတ်လောက်ထိုင်းမှာ နေရမှာဆိုတော့ Lisa ကိုရီးယားပြန်ရောက်လာရင်တော့ သူမဒေါသပြေလောက်ပါပြီ။

Lisa သူမအကြောင်းတွေးနေတာရပ်လိုက်ပြီး စိတ်ရှင်းလိုက်တယ်။ ထိုင်းကိုရောက်ရင် အကောင်းဆုံးဖြစ်အောင် ပြင်ဆင်ရအုံးမယ်။

Interpol ကနေဖုန်းခေါ်ဆိုမှုတစ်ခုကို Lisa တို့အေဂျင်စီကရရှိခဲ့တယ်။ သူတို့ဆီမှာ ကမ္ဘာ့အကြီးဆုံးဆေးမှောင်ခိုမှုတစ်ခု ကို သဲလွန်စရထားပြီး ဒီမှောင်ခိုဈေးကွက်က ထိုင်းမှာလုပ်ကြမယ်ဆိုတာ သတင်းရထားတာဖြစ်တယ်။ သူတို့က Lisa ကလဲထိုင်းကဆိုတာသိတော့ Lisa ကိုအထူးဖိတ်ကြားပြီး ဒီMission အတွက် အကူအညီတောင်းတာဖြစ်တယ်။

သူတို့သိချင်တာက ဘယ်နေ့မှာမှောင်ခိုလဲလှယ်ကြမှာလဲ။ ဘယ်နေရာမှာလဲ နဲ့ ဘယ် cargo နဲ့သယ်သွားမှာလဲဆိုတာပဲ။ သူတို့ဖြစ်ချင်တာက Lisa ကို spy လုပ်စေချင်တာပဲ။ Lisa ဒီအကြောင်းတွေသိရရင် Mission ပြီးပြီဖြစ်ပြီး Interpol ကကျန်တာဆက်လုပ်မှာဖြစ်တယ်။

ဒီအချက်အလက်တွေရဖို့ Lisa အတွက်တစ်ပတ်အချိန်ရပြီး မြန်မြန်ရတော့ ပိုကောင်းတာပေါ့ ဘာလို့ဆို ထိုင်းမှာ Lisa ပါဆင်နယ်ကိစ္စလေးတွေလုပ်ဖို့ ရှိနေသေးလို့ဖြစ်တယ်။

Lisa ငယ်ဘဝက မိဘမဲ့ဂေဟာမှာဖြတ်သန်းခဲ့ရတာဖြစ်ပြီး Lisaအဖေ Kenji ကခေါ်ယူမွေးစားခဲ့တာဖြစ်တယ်။ ဒါပေမယ့်သူက Lisa မိဘအရင်းတွေအကြောင်းလဲ အကုန်ပြောပြခဲ့တယ်။

Lisa မိဘအရင်းတွေက အသင့်အတင့်ချမ်းသာကြပြီး သူတို့နာမည်တွေနဲ့စားသောက်ဆိုင်တွေ စီးပွားရေးလုပ်ငန်းတွေ ပိုင်ဆိုင်ကြတယ်။ ဒါပေမယ့် သူတို့ဆုံးသွားကြပြီး Lisa ကိုလဲအဖေကမွေးစားလိုက်တော့ သူတို့ပိုင်ဆိုင်တဲ့စီးပွားရေး လုပ်ငန်းတွေကို Lisa အဖေအရင်းရဲ့ညီကအပိုင်စီးလိုက်ပြီး တိုးတက်လာအောင်မလုပ်ပဲ ရလာတဲ့အကျိုးအမြတ်တွေကို သူတို့ကိုယ်ကျိုးအတွက်ပဲ အသုံးပြုခဲ့တယ်။ အခုတော့ ဒီစီးပွားရေးလုပ်ငန်းတွေက အရှုံးတွေပေါ်လာတော့ Lisa မွေးစားအဖေက တိုးတက်အောင်လုပ်ဖို့စဉ်းစားလာရတယ်။ Lisa တို့ Manoban စီးပွားရေးတွေကို အဖေ့လက်အောက် ရောက်လာအောင် လုပ်ဖို့လိုလာတယ်။

THE HEIRESS AND THE BODYGUARD (JENLISA) (Translation)Where stories live. Discover now