Chapter 7

1.6K 176 4
                                    

Jennie Pov

Lisa ကျွန်မသက်တော်စောင့်အနေနဲ့ အလုပ်လုပ်နေတာ ၅ လရှိပြီဖြစ်တယ်။ သူဘေးနားမှာရှိနေတဲ့အချိန်တိုင်းမှာ ကျွန်မအတွက် လုံခြုံတယ်လို့ခံစားရတယ်။ ပြီးတော့ စာချုပ်ထဲကအတိုင်း သူကျွန်မဘေးမှာ 24/7 ရှိနေရတယ်။

သူကျွန်မသူငယ်ချင်းတွေအကုန်လုံးနဲ့ဆုံဖူးပြီးသွားပြီး ကျွန်မသူငယ်ချင်းတွေကလဲ သူ့ကိုသဘောကျကြတယ်။ သူက အပြင်ပိုင်းမှာ မာကျောခက်ထန်တယ်ထင်ရပေမယ့် တစ်ကယ့်အတွင်းပိုင်းမှာကျ အရမ်းချိုမြိန်တဲ့လူသား တစ်ယောက် ပဲ။ အထူးသဖြင့် ကျွန်မတို့နှစ်ယောက်ထဲရှိတဲ့အချိန်တွေဆို သူကအရမ်းနူးညံ့ချိုသာတယ်။ သူကရယ်ရပြီး ဉာဏ်ကောင်း တာကိုလဲတွေ့ရတယ်။ သူကျောင်းတက်နေတာကို ၁၆နှစ်မှာရပ်လိုက်ပြီး ငယ်ငယ်ရွယ်ရွယ်နဲ့ အထူးအေးဂျင့်ဖြစ်အောင် လေ့ကျင့်ခဲ့တယ်။

ကျွန်မတို့ရင်းနှီးလာတာနဲ့အမျှ သူ့ကိုကျွန်မအချစ်ဆုံးသူငယ်ချင်းတစ်ယောက်အဖြစ် သတ်မှတ်ခဲ့တယ်။ ကျွန်မတို့ တစ်ယောက်နဲ့တစ်ယောက်ရင်ဖွင့်မိကြပြီး သူကသူ့မိဘတွေအကြောင်းပြောပြခဲ့တယ်။ ကျွန်မသူပြောပြတော့ ရင်နာရတယ်။ မိဘနှစ်ပါးဆုံးရှုံးသွားရတာကို တွေးတောင်မကြည့်ရဲဘူး။ ဒါပေမယ့် သူကတော့ သူငယ်ငယ်လေးမှာပဲ မိဘနှစ်ပါးလုံးဆုံးရှုံးခဲ့ရတယ်။

ပိတ်ရက်တွေ ကျွန်မအိမ်မှာပဲနေတဲ့အချိန်တွေမှာ ကျွန်မမိဘတွေက သူ့ကိုအားလပ်ရက်ပေးခဲ့တယ်။ ဒါပေမယ့် ပတ်ရက်ကျွန်မသွားစရာရှိတဲ့အခါတွေမှာတော့ သူ့အားလပ်ချိန်တွေကို ကျွန်မအတွက်ပေးလေ့ရှိတယ်။ ကျွန်မမိဘတွေ Lisa ကိုသဘောကျကြပြီး သူ့ကိုကျွန်မနဲ့တန်းတူဆက်ဆံကြတယ်။ Lisa ကျွန်မသက်တော်စောင့်အနေနဲ့ ရောက်မလာ ခင်က ကျွန်မအပြင်ထွက်မယ်ပြောရင် ဘယ်သွားမှာလဲ။ ဘယ်သူတွေနဲ့လဲ။ ဘယ်အချိန်ပြန်ရောက်မှာလဲ သူတို့မေးကြ ပေမယ့် Lisa လဲရောက်လာရော သူတို့ဘယ်တော့မှ တစ်ကယ့်ကိုဘယ်တော့မှ ထပ်မမေးတော့ဘူး။ သူတို့ခွင့်ပြုချက် တောင်းစရာလဲမလိုတော့ဘူး။ သူတို့ Lisa ကိုအဲ့လောက်ထိယုံကြပြီး ကျွန်မလဲ သူတို့လိုပဲ Lisa ကိုယုံကြည်တယ်။

THE HEIRESS AND THE BODYGUARD (JENLISA) (Translation)Where stories live. Discover now