Chapter 20

1.8K 170 3
                                    

Jennie's Pov

သုံးရက်ရှိပြီ။ ပြန်ပေးဆွဲမှုဖြစ်ခဲ့တာ သုံးရက်ရှိပြီ။ ပြီး‌တော့ lisa ကိုနောက်ဆုံးတွေ့ခဲ့ရတာလဲ သုံးရက်ရှိပြီ။

အဲ့ဒီညကျ သူကျွန်မကိုသူထားမသွားခင်ကြည့်ခဲ့တဲ့အကြည့်ကို ဘယ်လိုစကားလုံးနဲ့ရှင်းပြရမလဲမသိဘူး။ သူကျွန်မဆီကို လာစေချင်ပေမယ့် သူ့ကားဆီပြန်သွားတာက ကျွန်မကိုမချိမဆန့်ခံစားရစေတယ်။

သူဘာလို့ကျွန်မကို ဒီလိုအကြည့်မျိုး ကြည့်ရတာလဲ။

ကျွန်မဒန်းပေါ်ထိုင်နေတုန်း Bam Bam ရောက်လာတာကိုတွေ့ရတယ်။ ကျွန်မသူ့ဆီကိုပြေးသွားလိုက်တယ်။

"Lisa ဘယ်မှာလဲ" ကျွန်မမေးလိုက်တယ်။

"သူက အေဂျင်စီမှာမရှိဘူးဆိုရင် သူ့အိမ်မှာပဲ ရှိမှာပေါ့ Ms. Jennie" Bam Bam ကဖြေလိုက်တယ်။

"သူအဲ့ဒီမှာဘာလုပ်နေတာလဲ။ သူဒီကိုပြန်လာရမှာမဟုတ်ဘူးလား" Bam Bam ကိုဒီမေးခွန်းမျိုးမမေးသင့်မှန်းသိပေမယ့် ကျွန်မအရမ်းသိချင်နေပြီးမေးမိတယ်။

ကျွန်မအချစ်ဆုံးသူငယ်ချင်းကိုအရမ်းလွမ်းနေပြီး တစ်ခုခုဖြစ်နေတယ်လို့ခံစားရတယ်။ တစ်ခုခုမှ မကောင်းတာတစ်ခုခု လို့ခံစားရတယ်။

"Ummm Lisaက ထွက်သွားပြီ" Bam Bam ကကောင်းကင်ကိုမော့ကြည့်ရင်း တစ်ဆက်တည်းသူ့မေးကိုသူကိုင်လိုက် ရင်း ပြောလိုက်တယ်။

"ထွက်သွားပြီးဆိုတာ ဘာကိုပြောချင်တာလဲ" ကျွန်မသူ့ကိုမေးလိုက်တယ်။

ထွက်သွားပြီ။ ဘယ်ထပ်ထွက်သွားပြန်တာလဲ။

"သူက သူ့ပစ္စည်းတွေအကုန်မနေ့ကတည်းကသိမ်းပြီးသွားပြီ။ သူမင်းသက်တော်စောင့်အနေနဲ့ ရှိတော့မှာမဟုတ်ဘူး" Bam Bam စိတ်ကနာမငြိမ်ဖြစ်ပြီးပြောလိုက်တယ်။

"သူကဘာမဟုတ်တော့တာ။ ဘာလို့ငါအခုမှဒါကိုသိရတာလဲ" ကျွန်မအံ့ဩပြီးမေးလိုက်တယ်။

Lisa! ရှင်ကျွန်မကိုမပြောပဲ ထားသွားတယ်ပေါ့။

"သူမသွားခင်မင်းကိုရှာနေတော့ ငါ့အထင်မင်းကိုသူနှုတ်ဆက်ပြီးသွားပြီထင်နေတာ" Bam Bam ပြောလိုက်တယ်။

THE HEIRESS AND THE BODYGUARD (JENLISA) (Translation)Where stories live. Discover now