Epilogue

4.6K 190 10
                                    

Jennies Pov

ကျွန်မနေ့ခင်းအစည်းအဝေးလုပ်နေရင်း ကော်ဖီဆိုင်ရှေ့က ကစားကွင်းမှာကစားနေကြတဲ့ ကလေးတွေကို ကြည့်နေမိ တယ်။

ကျွန်တော် ခင်များဆုံးဖြတ်ချက်ကို စောင့်နေပါမယ် Ms. Kim အစည်းအဝေးမှာတင်ပြတဲ့လူက သူ့လက်ဆန့်ပြီး ပြောလိုက်တယ်။

ကျွန်မလက်ဆွဲနှုတ်မဆက်လိုက်ပဲ ခေါင်းပဲညိမ့်ပြလိုက်တယ်။ ကျွန်မအိတ်ကိုယူလိုက်ပြီး ကစားကွင်းဘက်သွားလိုက် တယ်။ Bam Bam ကိုသူဝတ်နေကျဝတ်စုံနဲ့ ကစားကွင်းထောင့်မှာ ရပ်နေတာကို တွေ့ရတယ်။ ကျွန်မတို့ပြန်တော့မယ့် အကြောင်းကို သူ့မိုက်ကရိုဖုန်းကနေ အမိန့်ပေးလိုက်တယ်။

ကျွန်မ ကစားကွင်းထဲကို ခြေလှမ်းငါးလှမ်းရောက်တဲ့အချိန်မှာ ခန္ဓာကိုယ်သေးသေးလေးတစ်ခု ကျွန်မပေါင်ကို ဖက်လိုက်တာ ခံစားလိုက်ရတယ်။

Mommy! ပြန်လာပြီလား ကလေးမသေးသေးလေးကပြောလိုက်တယ်။ သူမအသံစာစာနဲ့ သူမမျက်နှာက အပြုံးကို ကြည့်လိုက်တာနဲ့ သူမအမေကိုဘယ်လောက်ချစ်တယ်ဆိုတာ ဒီကလေးလေးမျက်နှာမှာပေါ်နေတယ်။

Hi baby! မေမေ့ကိုလွမ်းနေတာလား ကျွန်မသမီးအနမ်းကိုယူဖို့ ကိုယ့်ကိုငုံ့ပေးလိုက်တယ်။

Yes! ဒါပေမယ့် သမီးဒီမှာပျော်နေတာ။ သူငယ်ချင်းအသစ်လဲရတယ် ကလေးလေးကပြောလိုက်တယ်။

တစ်ကယ်လား ကျွန်မသမီးက ဒီလိုအချိန်တိုလေးအတွင်းမှာ သူငယ်ချင်းရအောင်မိတ်ဖွဲ့နိုင်လို့ အံ့ဩသွားတယ်။ ကျွန်မသမီးက မသိတဲ့လူတစ်ယောက်နဲ့ခင်ဖို့အရမ်းခက်တယ်။ သူမဘဝမှာ ဘယ်သူ့ကိုပဲခင်ရမယ်ဆိုပြီး ရွေးချယ်တတ် တယ်။

ပြီးတော့ ကျွန်မဘဝလဲတူတူပါပဲ။

အသက် ၅နှစ်ပဲရှိသေးပေမယ့် Ella ကတစ်ခြားကလေးတွေနဲ့စာရင် ထွားတယ်လို့ပြောရမယ်။ သူ့အရွယ်ကလေးတွေ မပြောနိုင်သေးတာတွေကို သူမရှင်းရှင်းလင်းလင်းပြောနိုင်နေပြီ။ တစ်ခုရှိတာက ကျောင်းကလွဲလို့ သူမကြီးပြင်းခဲ့ရတဲ့ ပတ်ဝန်းကျင်မှာ ကလေးမရှိတာကြောင့်လဲဖြစ်မယ်။

သမီးသူငယ်ချင်းအသစ်က ဘယ်မှာလဲ? mommy တွေ့လို့ရလား ကျွန်မမေးလိုက်တယ်။

THE HEIRESS AND THE BODYGUARD (JENLISA) (Translation)Where stories live. Discover now